သေဆုံးသူရဲ့မိခင်က သမ္မတရုံးအပါအဝင် ဌာန ၈ ခုကိုတိုင်ကြားခဲ့တာပါ။

ခိုးမှုကြံရာပါသံသယဖြင့် ဖမ်းခံခဲ့ရသည့် အငှားယာဉ်မောင်းတစ်ဦး အမှုစစ်ခံနေစဉ် အတွင်း ပြီးခဲ့သည့်စက်တင်ဘာလက သန်လျင်မြို့နယ်၌ သေဆုံးခဲ့တဲ့ ကိစ္စနှင့်ပတ်သက်ပြီးမြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က စုံစမ်းမှုတွေစတင်ပြုလုပ်နေပါပြီ။

Photo -မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်



သန်လျင်မြို့နယ် ဗိုလ်ချုပ်နေဝင်းလမ်းနေ အငှားယာဉ်မောင်း အသက် ၂၈ နှစ်အရွယ် ကိုအောင်အောင်ဟာ စက်တင်ဘာ ၁၂ ရက်နေ့ ညက သန်လျင်မြို့နယ်အတွင်း ခရီးသည်အမျိုးသားနှစ်ဦးကို ပို့ဆောင်ပေးနေစဉ် ရဲက ပိတ်ဆို့ရှာဖွေတဲ့ နေရာအရောက် စစ်ဆေးခံစဉ် ခရီးသည်နှစ်ဦးနဲ့အတူပါလာတဲ့ ဘက်ထရီအိုးနှစ်လုံးမှာ ခိုးရာပါဖြစ်တာကြောင့် မောင်အောင်အောင်လည်းပါတယ်လို့ ရဲကယူဆပြီး သန်လျင်မြို့နယ် ရဲစခန်းကိုဖမ်းခေါ်သွားခဲ့ပါတယ်။

အဲ့ဒီနောက် ကိုအောင်အောင်ဟာ သန်လျင်စခန်းအချုပ်မှာ ရဲက ရိုက်နှက်စစ်ဆေးတာကြောင့် အရိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ စက်တင်ဘာ ၂၆ ရက်နေ့က သန်လျင်ဆေးရုံမှာသေဆုံးခဲ့ပါတယ်။



ဒီကိစ္စကြောင့် အမှန်တရား ပေါ်ပေါက်အောင် ကူညီပေးပါဟု ဆိုကာ ဒေါ်အေးက နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် လူ့အခွင့်အရေး ကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် များ စသည်ဖြင့် ရှစ်နေရာအထိ တိုင်ကြားခဲ့တာကြောင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က စစ်ဆေးမှုတွေ လုပ်ဆောင်လာခြင်းဖြစ်ပါတယ်။



နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းက ရက်နေ့ နံနက် ၁၀:ဝ၀ နာရီ လောက်က သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးက အတွင်းရေးမှူး ဦးဘုန်းကြွယ် ဦးဆောင်တဲ့ အဖွဲ့က လာပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ကော်မရှင်က နိုင်ဝင်ဘာ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။



အမှုနဲ့ ပတ်သက်ပြီး တိုင်တန်းသူ၊ သက်သေတွေ၊သေဆုံးသူရဲ့ ဆေးမှတ်တမ်း စစ်ဆေးချက်နဲ့ ပတ်သတ်ပြီး သန်လျင်ဆေးရုံက တာဝန်ရှိ ဆရာဝန်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး ဆက်လက်ဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အ ရေးကော်မရှင်ကဆိုပါတယ်။



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးကို အလုံမြို့နယ်မှာ ရဲက ခိုးမှုတရားခံနဲ့ လူမှားဖမ်းပြီး စခန်းမှာ နှိပ်စက် ညှဉ်းပန်းမှုနဲ့ ကြုံခဲ့ရပြီးနောက် အသိမိတ်ဆွေတွေရဲ့အကူအညီဖြင့်နဲ့ ပြန်လွတ်လာခဲ့ရပါတယ်။

Share

Loading Next Article...
က္က