ကျင့်ဝတ်စည်းကမ်းတွေကိုချိုးဖောက်တဲ့အတွက် ညိနှိုင်းဖြေရှင်းပေးဖို့တိုင်ကြားတာဖြစ်ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ်ရဲ့ မိသားစုကုမ္ပဏီတွေတင်ဒါအများစုအောင်မြင်နေတဲ့အပေါ် လုပ်ငန်းရှင်တွေ မေးခွန်းထုတ်ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းရေးသားဖော်ပြခဲ့တဲ့ Daily News Myanmar အွန်လိုင်းမီဒီယာကို သတင်းမီဒီယာကောင်စီကနေ တစ်ဆင့် မန္တလေးတိုင်းဒေသကြီး အတွင်းရေးမှုးက တိုင်ကြားထားတယ်လို့ ကောင်စီက နိုဝင်ဘာ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

Screenshot (15).jpg 

အဆိုပါသတင်းရေးသားဖော်ပြခဲ့မှုက သတင်းမီဒီယာ ဥပဒေပုဒ်မ (၉)၊ပုဒ်မခွဲ(က)(ဆ) ပါသတင်းမီဒီယာသမားတစ်ဦးရဲ့ တာဝန်နဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုချိုးဖောက်တဲ့အတွက် ညိနှိုင်းဖြေရှင်းပေးပြီး အရေးယူပေးဖို့အတွက် နိုဝင်ဘာ ၁၆ ရက်နေ့ကတိုင်ကြားခဲ့တာဖြစ်ပါတယ်။

သတင်းမီဒီယာကောင်စီက အဆိုပါအွန်လိုင်းမီဒီယာကို သတင်းမီဒီယာဥပဒေပါအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီးတော့ Daily News Myanmar အွန်လိုင်းစာမျက်နှာက တရားဝင်ဟုတ်မဟုတ်ကိုလည်း စကာၤပူနိုင်ငံက facebook team ဆီကိုမေးမြန်းထားတယ်လို့ သိရပါတယ်။

အဆိုပါ Daily News Myanmar သတင်းဌာနအမည်ပါ page က ၂ ခုရှိနေတာဖြစ်ပြီးတော့ တစ်ခုမှာ Daily News Myanmar နဲ့ဖွင့်ထားတာဖြစ်ပြီးတော့ website က ginger ဖြစ်တယ်လို့ သိရပါတယ်။ page ကို like လုပ်ထားသူပေါင်း ၃၉၄၉ ဦးရှိနေတာဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာစတင်ဖွင့်ထားတာဖြစ်ပါတယ်။



အတိုင်ခံရတဲ့ page ရဲ့ Logo မှာ Daily News Myanmar လို့ သုံးထားတာဖြစ်ပြီးတော့ Page အမည်ကို DNM လို့ သုံးထားတာဖြစ်ပြီးတော့ Page ကို Like လုပ်ထားသူ ၅၁၁ ယောက်ရှိပြီး ၂၀၁၈ အောက်တိုဘာ ၁၉ ရက်နေ့မှာစတင်ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

Share

Loading Next Article...
က္က