၃၈ ယောက်ကို စုဆောင်းထားတာပါ။

ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ဆိုပြီ မိန်းကလေးတွေကို တရားမဝင် စုဆောင်းထားတဲ့နေအိမ်တစ်ခုကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီး ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။

 





ရန်ကုန်က မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၊ အမှတ်(၃၁) ကတိုက်ခန်းတစ်ခန်းမှာ ပြည်ပနိုင်ငံတွေဆီကို အလုပ်လုပ်ကိုင်ဖို့အတွက် တရားမဝင်လူများ စုဆောင်းနေတယ်လို့ သတင်းရတာကြောင့်ရဲက ဝင်ရောက် ရှာဖွေခဲ့ရာမှာ မိန်းကလေး ၃၈ ယောက်ကို တွေ့ရှိခဲ့တယ်လို့ နိုဝင်ဘာ ၂၁ ရက်နေ့က ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ပါတယ်။



အဲ့ဒီ မိန်းကလေးတွေဟာ လွန်ခဲ့တဲ့ (၁)လကျော်လောက်ကစပြီး တိုက်ခန်းကိုရောက်ရှိနေပြီး ကုမ္ပဏီ က စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ဂျပန်နိုင်တိုမှာ အလုပ်လုပ်ကိုင်ဖို့ ပို့ဆောင်ပေးမယ်ဆိုလို့ ရောက်နေတာဖြစ်ပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ စီစဉ်ပေးတာတွေ၊ အင်္ဂလိပ် စကားပြောနဲ့ တရုတ်စကားပြောတွေသင်ကြားပေးတယ်လို့သိရပါတယ်။



အောင်စံကျော် (General International) ကုမ္ပဏီဟာ လုပ်ငန်းလိုင်စင်စည်းကမ်း ဖောက်ဖျက်တာကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ကစပြီး ရာသက်ပန်ပိတ်သိမ်းထားတဲ့ ကုမ္ပဏီဖြစ်တာကြောင့် မိန်းကလေးတွေကို တရားမဝင်စုဆောင်းသူ အသက် ၄၀ အရွယ် အောင်စံကျော်ကို မရမ်းကုန်း မြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက တရားလိုပြုပြီး ရဲကိုတိုင်တန်းခဲ့ပါတယ်။



ဒါကြောင့်မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း (ပ) ၂၃၉၂ / ၂၀၁၈၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ ဖြင့်အမှုဖွင့်လှစ်ပြီး ပြစ်မှုကျုးလွန်သူကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က