ရောင်းဝယ်မှုအတွက်တော့ ခရိုင်တရားရုံးက နိုဝင်ဘာ ၂၈ ရက်နေ့ အမိန့်ချမှာပါ။

မူးယစ်ဆေးဝါးလက်ဝယ်သုံးစွဲမှု နဲ့ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင်မိုးအောင်ရင်ကို ပုဇွန်တောင်တရားရုံးကနေ နိုဝင်ဘာ ၂၆ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၅နှစ်ကျခံဖို့ အမိန့်ချလိုက်ပါတယ်။



"သုံးစွဲမှုက ၃ နှစ် လက်ဝယ်တွေ့ရှိမှုက ၅ နှစ် တစ်ပေါင်းတည်းကျခံစေ ဆိုပြီးတော့ ပုဇွန်တောင်ရုံးက အမိန့်ချလိုက်တယ်" လို့ ပုဇွန်တောင်မြို့နယ် တရားသူကြီးက နိုဝင်ဘာ ၂၇ ရက်နေ့က မီဒီယာတွေကိုပြောပါတယ်။



အခုထောင်ဒဏ်ကျခံစေတဲ့ ပုဒ်မဟာ ၁၅၊ ၁၆ (ဂ) ဖြစ်တဲ့ လက်ဝယ်သုံးစွဲမှုဖြစ်ပြီး သူ့ကို အရှေ့ပိုင်းခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉ (က) နဲ့တရားစွဲဆိုထားတဲ့ အမှုကိုတော့ အမိန့်မချရသေးဘူးလို့ အရှေ့ပိုင်းခရိုင်တရားရုံး သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဦးမိုးကျော် ကပြောပါတယ်။



မိုးအောင်ရင်ကို ပုဇွန်တောင်တရားရုံးကနေ နိုဝင်ဘာ ၂၆ ရက်နေ့က အမိန့်ချလိုက်တာကြောင့် သူဟာ အချုပ်သားမဟုတ်တော့ဘဲ ထောင်သားဖြစ်သွားတဲ့အတွက် နောက်ထပ်ရုံးထုတ်ဖို့ကို ထောင်ထွက်အမိန့်ယူရမှာဖြစ်လို့ နိုဝင်ဘာ ၂၈ ရက်နေ့မှ ခရိုင်ရုံးက အမိန့်ချဖွယ်ရှိတယ်လို့ပြောပါတယ်။



ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် ကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ပုဇွန်တောင်မြို့နယ်ရှိ သူ့ရဲ့ရည်စားဖြစ်သူ နေအိမ်မှာ အိုက်စ်မူးယစ် ဆေးဝါး ၁ ဂရမ်နှင့် အတူ ရဲတပ်ဖွဲ့မဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က