အခင်းဖြစ်ရာနေရာမှာသေဆုံံးသွားခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

အင်းစိန်မှာ စကားများရန်ဖြစ်ရာကနေ မှိန်း၊ဓားတွေနဲ့ လူသတ်မှုကျူးလွန်ခဲ့တဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။



46874893_1756618601134066_7792735107915186176_n.jpg 

အင်းစိန်မှာ နိုဝင်ဘာ ၂၆ ရက်နေ့က မြို့သစ်ရပ်ကွက်မှာနေသူက နေအိမ်မှာရှိနေစဉ်မှာ မတ်တော်စပ်သူက ဝိုင်းဝန်းရိုက်နှက်ခံရတာကြောင့် လိုက်သွားခဲ့ရာမှာ ခင်ပွန်းဖြစ်သူ ဦးအောင်စိုးအေး၊မတ်ဖြစ်သူနဲ့ တူဖြစ်သူတို့နဲ့ အတူလိုက်သွားခဲ့ရာမှာ အောင်ရှိုးလေး(ခ)ရှိုးလေးတို့အဖွဲ့နဲ့ စကားများဖြစ်ပြီး မတ်ဖြစ်သူက ဦးခေါင်းဝဲဘက်ချိုစောင်းမှာ ပေါက်ပြဲဒဏ်ရာ ရခဲ့တာကြောင့် ခင်ပွန်းဖြစ်သူနဲ့ မတ်တော်စပ်သူတို့ကို နေအိမ်ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်ရှေ့လမ်းကို အရောက်မှာတော့ ခင်ပွန်းဖြစ်သူနဲ့ မတ်တော်စပ်သူတို့ကို မှိန်းတွေနဲ့ ဓားတွေနဲ့ ဝိုင်းခုတ်တာကြောင့် ခင်ပွန်းဖြစ်သူမှာ လည်ချောင်းထိုးသွင်းဒဏ်ရာ (၁)ချက်၊ ဝဲလက်မောင်းထိုးသွင်းဒဏ်ရာ (၁) ချက်၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ တို့ရရှိပြီး အခင်းဖြစ်ရာနေရာမှာသေဆုံံးသွားခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မတ်ဖြစ်သူမှာလည်း ပေါက်ပြဲဒဏ်ရာ၊ညှပ်ရိုးပွန်းစုတ်ဒဏ်ရာ တွေနဲ့ ယာလက်ဖျံပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ပြီး အင်းစိန်ဆေးရုံကို တက်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အောင်ရှိုးလေး(ခ)ရှိုးလေးပါ ငါးဦးကို အမှုဖွင့်ခဲ့ပြီးတော့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ အင်းစိန်မှာပဲ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က