ကလေးငယ်က စိုးရိမ်ရဒဏ်ရာတွေရရှိခဲ့ပါတယ်။

ရေတာရှည်မြို့နယ်မှာ အသက်ငါးနှစ်အရွယ်ကလေးငယ်ကို ကျောင်းဝင်းအတွင်းဝင်ပြီး ကိုင်ပေါက်ကာ သံတုတ်နဲ့ ရိုက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၉ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။



44977603_265362314333177_1509335435770331136_n.jpg 

နိုဝင်ဘာ ၂၇ ရက်နေ့က ရေတာရှည်၊တုံးကြီးရွာနေ မြင့်ကျော်ဦး (၄၇ )နှစ်က အရိုးအသွား ၁ ပေခွဲခန့်ရှိတဲ့ ဓါးကိုင်ဆေင်ပြီး ဦးဝင်းလှိုင် ဆိုသူရဲ့နေအိမ်တံတံံခါးကို တွန်းပြီး တစ်အိမ်သားလုံးကို ရှင်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတဲ့နောက် နေ့လယ် ၂ နာရီကျော်မှာ အခြေခံပညာမူလတန်းလွန်ကျောင်း(တုံးကြီး)မှာ ဦးဝင်းလှိုင်ရဲ့ သမီးဖြစ်သူ အသက်ငါးနှစ်အရွယ်  KG တန်းကျောင်းသူ မခင်ချိုလှိုင်ကို ကျောင်းအတွင်းဝင်ရောက်ပွေ့ချီပြီး ကျောင်းရှေ့မြေကွက်လပ်မှာ ကိုင်ပေါက်ပြီးတော့ ပါလာတဲ့ သံတုတ်(အရှည် နှစ်ပေ)ခန့်နဲ့ ရိုက်ခဲ့တာကြောင့် ကလေးငယ်က ဝဲချိုစောင်းပေါက်ပြဲ၊ယာချိုစောင်း/လည်ဂုတ်ဖူးယောင် (စိုးရိမ်ရ) ဒဏ်ရာတွေကို ရရှိခဲ့တာကြောင့် ဆွာတိုက်နယ်ဆေးရုံကနေ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကိုပို့ဆောင်ခဲ့ရပါတယ်။

နိုဝင်ဘာ ၂၈ ရက်မှာ တိုင်ကြားခဲ့တာကြောင့် မြင့်ကျော်ဦး ကို ဆွာရဲစခန်းကနေ ရာဇသတ်ကြီးပုဒ်မ ၄၅၂/၃၂၅/၅၀၆ တို့နဲ့ အရေးယူထားတယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာ မြင့်ကျော်ဦးက အရက်မူးပြီး နေအိမ်မှာသောင်းကျန်းတာကြောင့် သူ့ရဲ့ ဇနီးနဲ့ သမီးတို့က ဦးဝင်းလှိုင်ရဲ့ နေအိမ်မှာ ပုန်းရှောင်နေတာကို မတွေ့တာကြောင့် ဦးဝင်းလှိုင်ကို ရန်ပြုတာဖြစ်တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က