လက်ဝှေ့ကစားနည်းကိုသင်ယူခဲ့ပြီးတော့ ဆုတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းကျောင်းသူတစ်ဦးကို သတ်မှုနဲ့ ထောင်ကျနေတဲ့ မြန်မာလုပ်သားတစ်ဦးဖြစ်တဲ့ အသက် ၁၈နှစ်အရွယ်မိုးဇင်အောင်ကို ထိုင်းက လက်ဝှေ့ကလပ်တစ်ခုက မြန်မာငွေ ကျပ်သိန်း ၂၀ ကျော်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်ပေးနေတဲ့ FED အဖွ့ဲ့ကနေ သိရပါတယ်။



 

ranong_murder_1_0.jpg 

သူက ဒီနေ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ အကျဉ်းကျနေရာကနေလွတ်မြောက်မှာဖြစ်ပြီးတော့ လူငယ်လေ့ကျင့်ရေးစခန်းမှာ နေစဉ်က လက်ဝှေ့ကစားနည်းကိုသင်ယူခဲ့ပြီးတော့ ဆုတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရနောင်းလူသတ်မှုက ၂၀၁၅ စက်တင်ဘာ ၂၈ ရက်နေ့ကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ အသက် ၁၈ နှစ်အရွယ်ကျောင်းသူကို မြန်မာလုပ်သား ၄ ဦးက ဓါးနဲ့ ထိုးသတ်တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူုတို့ကို ထိုင်းတရားသူကြီးက ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခဲ့တာဖြစ်ပြီးတော့ ဒဏ်ငွေဘတ် ၁၆ သိန်းကျော်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ထိုင်းမှာရှိတဲ့ ချုပ်ရက်တွေအရ ခံစားခွင့်ပြုတာကြောင့် အသက်မပြည့်သေးသသူတွေက အသက် ၁၈ နှစ်မှာလွတ်မြောက်ခွင့်ရှိတာကြောင့် ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က