တရားလိုမလာလို့ အမှုကို ဒီဇင်ဘာ ၁၂ ရက်ရုံးချိန်းချိန်းဆိုထားပါတယ်။

မူးယစ်စိတ်ကြွဆေးပြား ၂၆ ပြား လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံရထားတဲ့ ရုပ်ရှင်ဒါရိုက်တာ မိုက်တီးကို ဒီကနေ့ဒီဇင်ဘာ ၅ ရက်က တာမွေမြို့နယ်တရားရုံးမှာ ၁၃ ကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

47447964_530482174099770_359847340904808448_n.jpg 

ဒီနေ့ ရုံးထုတ်စစ်ဆေးရာမှာ တရားလို လာရောက်ခြင်းမရှိတာကြောင့် အမှုကို မစစ်ဆေးဖြစ်ဘဲ ဒီဇင်ဘာ ၁၂ ရက်နေ့ကို နောက်ထပ်ရုံးချိန်းချိန်းဆိုထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ ရဲတပ်ဖွဲ့ကစစ်ဆေးစဉ် သန်းထွန်းဇော် (ခ) ဒါရိုက်တာ မိုက်တီးမောင်းနှင်လာတဲ့ယာဉ်ပေါ်မှာ မူးယစ်ဆေး တွေကို တွေ့ရှိခဲ့တာပါ။

ယာဉ်အတွင်း ဒါရိုက်တာ မိုက်တီးထိုင်တဲ့ ဖင်ထိုင်ခုံနဲ့ ကျောမှီကြားက  မီးခိုးရောင် မျက်မှန်ဘူးအတွင်း ထည့်ထားတဲ့  အကြည်ရောင်ပလပ်စတစ်ကပ်ခွာအိတ်နဲ့ ထုပ်ထားတဲ့ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၇)ပြားပါ (၁)ထုပ်၊ အစိမ်းရောင်အဖုံးပါ ကော်ဘူးအတွင်း ထည့်ထားတဲ့  WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၉)ပြား ပါ(၁)ဘူး၊ စုစုပေါင်း(၂၆)ပြား၊ အလေးချိန်(၂.၆)ဂရမ် ရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် မူးယစ်ဆေးလက်ဝယ်တွေ့ရှိတဲ့သန်းထွန်းဇော် (ခ) မိုက်တီး ကို အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခဲ့ပြီး တာမွေမြို့မရဲစခန်းက မယ (ပ) ၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ) နဲ့ အမှုဖွင့်ထားပါတယ်။

ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော် တို့ရဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာ ဦးခင်ဇော်ဟာ ဒီဇင်ဘာလ ၃ ရက်နေ့ညပိုင်းကကွယ်လွန်သွားခဲ့ပါတယ်။

Share

Loading Next Article...
က္က