Goethe-Institut ကပြုလုပ်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင် အသုံးချမယ့် အနုပညာပြပွဲကို ရန်ကုန်မြို့အတွင်းဝန်များရုံးမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီးတော့ကျင်းပမှာဖြစ်ပါတယ်။



47580752_2342107322688682_5526661180875079680_n.jpg

Photo - Goethe-Institut

 

စွန့်ပစ်ပစ္စည်းတွေကို နေ့စဉ်ဖြတ်သန်းမှုတွေမှာအသုံးဝင်ပြီးပြန်အသုံးချလို့ရတဲ့ပစ္စည်းတွေအဖြစ်နဲ့ ပြန်လည် အသုံးချနိုင်ဖို့အတွက် အိုင်ဒီယာရပြီးတော့ ကျယ်ပြန်တဲ့ အသိပညာရရှိဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်ကနေ ဇန်နဝါရီ ၆ ရက် အထိ ပြုလုပ်မှာဖြစ်ပြီး အမှိုက်တွေကို လှပပြီးအသုံးဝင်တဲ့ ပစ္စည်းတွေအဖြစ် ပြောင်းလဲဖို့ရည်ရွယ်ပါတယ်။

မြန်မာနိုင်ငံမှာပထမဆုံးအကြိမ်အဖြစ်နဲ့ ကျင်းပတာဖြစ်ပြီးတော့ စွန့်ပစ်ပစ္စည်းတွေကို ပြန်အသုံးချတဲ့ အနုပညာပြပွဲလည်း ဖြစ်ပါတယ်။ အဲ့ဒီအနုပညာပြပွဲမှာ ကမ္ဘာတစ်လွှားက ဒီဇိုင်နာ ၅၃ ဦးရဲ့ ပြပွဲပစ္စည်း ၇၆ ခုကိုလည်း မူလလက်ရာအတိုင်းပြန်လည်ပြသမှာပါ။

“မြန်မာအတွက် နိုင်ငံတကာဒီဇိုင်းအနုပညာရှင်တွေရဲ့ လက်ရာတွေကို မြန်မာလက်မှုပညာ ရှင်တွေ၊ ဒီဇိုင်နာတွေ၊ အနုပညာရှင်တွေရဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ သရုပ်ပြဖြေဖျော်မှုတွေနဲ့ ပေါင်းစပ် ပြီး ပြသသွားမှာဖြစ်ပါတယ်။ ”လို့ Goethe-Institut မြန်မာ၏ ဒါရိုက်တာ Franz Xaver Augustin က ပြောပါတယ်။

ပြပွဲရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးများထဲမှ တစ်ခုက ဝါးဖြင့်ပြုလုပ်ဖန်တီးထားသော ဒဏ္ဍာရီလာ သတ္တဝါ ဖြစ်သော နဂါးကြီးတစ်ကောင်က ၎င်း၏ ခန္ဓာကိုယ်ကို ပြပွဲကျင်းပရာနေရာတစ်လျှောက် ရစ်ပတ် ထားသော ပြကွက်ကိုပါ ပြသမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က