သီဟတင်စိုး တရားခွင်မှာထွက်ဆိုချက်တွေဟာ မှားယွင်းနေတယ်ဆိုပြီး ခင်မာမြင့်က ပြောလိုက်ပါတယ်။

သီဟတင်စိုး တရားခွင်မှာထွက်ဆိုချက်တွေဟာ မှားယွင်းနေပြီး အခင်းဖြစ်ပွားတဲ့ညက သီဟတင်စိုးဟာ သူ့ကိုသားမယားအဖြစ်ပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ အိမ်အကူခင်မာမြင့်က ဒီဇင်ဘာ ၇ ရက်နေ့ ရုံးချိန်းစစ်ဆေးစဉ် တရားခွင်မှာ ပြန်လည်ချေပလိုက်ပါတယ်။

 

47574504_2115546145375573_9044959271472594944_n.jpg 

သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့်တယ်ဆိုပြီး လီဆယ်တိုင်ကြားခဲ့တဲ့ အိမ်အကူခင်မာမြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ သီဟတင်စိုးလည်း လာရောက်ခဲ့ပြီး သူ့ကို စတင်စစ်ဆေးခဲ့တာပါ။

သီဟတင်စိုးက တရားခွင်မှာ ထွက်ဆိုရာမှာ သူဟာ အခင်းဖြစ်တဲ့ညက အိမ်ကို ည ၁၀ နာရီကျော်မှ ပြန်လာခဲ့ပြီး နောက်တစ်နေ့ သူအိမ်မှာမရှိတဲ့အချိန် ပွဲစားဒေါ်ညိုက ငွေကျပ်သိန်း ၁၀၀ ကို လာရောက်တောင်းခံခဲ့တယ်လို့ သိရကြောင်း ပြောဆိုခဲ့ပါတယ်။

 

တရားလိုပြသက်သေကို မေးမြန်းမှုအပြီး ခင်မာမြင့်က ပြန်လည်ချေပပြောဆိုခဲ့ရာ သီဟတင်စိုးဟာ အခင်းဖြစ်ပွားတဲ့ နေ့မှာ ညနေကတည်းက အိမ်ကိုပြန်ရောက်နေပြီး သူ့ကိုလည်း အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောခဲ့ရာ တရားလိုရဲ့ရှေ့နေက ကန့်ကွက်ခဲ့ပါတယ်။ အဆိုပါ ကန့်ကွက်မှုနဲ့ပတ်သက်ပြီး လာမယ့် ဒီဇင်ဘာ ၂၀ ရက် ရုံးချိန်းမှာ အမိန့်ချမှာလည်း ဖြစ်ပါတယ်။

တရားခွင် ရုံးချိန်းအပြီးမှာ သီဟတင်စိုးက “ဒီလိုစကားတွေ ပြောနေရာမှာကို ကျွန်တော်ရှက်တယ်။ အသက် ၅၀ ကျော်ပြီ။ ဒီလိုအတွေ့အကြုံလည်း မရှိဘူး။ ရှက်လဲရှက်တယ်။ ဒေါသလည်း ထွက်တယ်” လို့ ဆိုပါတယ်။

ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့်တယ်ဆိုပြီး လီဆယ်တိုင်ကြားခဲ့တဲ့ အိမ်အကူခင်မာမြင့်နှင့် ပွဲစားဒေါ်ညိုတို့ကို သရုပ်ဆောင် ဇင်မာဦးက ငွေကြေးလိမ်လည်ရယူလိုမှု ပုဒ်မ ၃၈၉ နဲ့ တိုင်ကြားထားတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က