အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

တိရစ္ဆာန်ဥယျာဉ်က တာဝါတိုင်မှာ တပ်ထားတဲ့ ဘက္ထရီအိုးတွေကို ဖြုတ်ခိုးတဲ့ ၁၉ နှစ်အရွယ်လူငယ်တွေကို ဖမ်းမိခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့က နေ ဒီဇင်ဘာ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

47420099_1768313843297875_4131466034299273216_n (1).jpg 

တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်မှာ နေထိုင်သူက သူအလုပ်လုပ်ကိုင်တဲ့ တိရစ္ဆာန်ဥယျာဉ် ဆက်သွယ်ရေးတာဝါတိုင်ကို သွားရောက်စစ်ဆေးတဲ့အခါမှာ ဆက်သွယ်ရေးတာဝါတိုင်သုံး 12V ဘက္ထရီ (၃)လုံး ပျောက်နေတာကြောင့် အရေးယူပေးဖို့ တိုင်ကြားခဲ့ပါတယ်။

ဗဟန်းမှာနေထိုင်တဲ့ မျိုးကျော်နိုင်( ၂၂) နှစ်၊ချမ်းငြိမ်းအောင်(၁၉)နှစ် ၊ဖိုးလပြည့် (၁၉)နှစ်၊ ငြိမ်းချမ်းအောင် (၁၉)နှစ်တို့ ကို သူတို့နေထိုင်ရာရပ်ကွက်တွေကနေ ဖမ်းမိခဲ့ပါတယ်။

ဖမ်းမိသူတွေနဲ့ အတူ တာဝါတိုင်က NSB 170 FT အမျိုးအစားဘက္ထရီအိုး (၈)လုံး၊ ဗဟန်းမြို့နယ် တာဝါတိုင်က MPG 12V 170 F အမျိုးအစားဘက္ထရီအိုး ၈ လုံံး၊ ကိုယ့်မင်းကိုယ်ချင်းရပ်ကွက်က တာဝါတိုင်က SHC 12V 200 FT အမျိုးအစား ဘက္ထရီအိုး (၈)လုံးတို့ကို ခိုးယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က