မြန်မာထုံတမ်းစဉ်လာအတိုင်းလက်ထပ်ခဲ့တာပါ။

ပြည်မြို့မှာ ဒုတိယအကြိမ်အဖြစ် အမျိုးသမီးချင်းလိင်တူလက်ထပ်ပွဲအခမ်းအနားကို မြန်မာ့ဓလေ့ထုံစံအတိုင်း ဒီဇင်ဘာ ၆ ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။



“သူတို့ကပလက်စတစ်စက်ရုံမှာအလုပ်လုပ်ရင်းနဲ့တွေ့ကြတာ။ကြိုက်တာကလေးလလောက်ရှိပါပြီ။ကျွန်တော်တို့အနေနဲ့လည်း လူသားထဲက လူတစ်ဦးပါပဲ။ တိုက်ပွဲတစ်ခုလိုပါပဲ။လူတိုင်းလက်ခံလာအောင် သူများတန်းတူဧည့်ခံပွဲကျင်းပပြီးယူတယ်။ ဒါကြောင့်မို့ ဒါတွေလုပ်တာပါ။ ” လို့ LGBT အရေးလှုပ်ရှားသူ ပြည်မြို့က ကိုငြိမ်းက Duwun ကိုပြောပါတယ်။



သတို့သားအမည်က ကိုအောင်အောင်ဖြစ်ပြီးတော့ အသက် ၂၁ နှစ်နဲ့ သတို့သမီး မပိုးအိကျော်ဝင်း(အသက် ၁၇ )နှစ်တို့ မင်္ဂလာဆောင်ကြတာဖြစ်ပါတယ်။ ရိုးရာအစဉ်လာများအတိုင်း အများကိုဖိတ်ကြားက ကြွေးမွေးဧည့်ခံပြီး အများရှေ့တွင် ထိမ်းမြားလက်ထပ် မင်္ဂလာပွဲကိုကျင်းပခဲ့ကြခြင်းလည်းဖြစ်ပါတယ်။



“ချစ်တော့လည်း ခိုးပြေးကြတာပေါ့ နောက်တော့လည်း သားသမီးတွေ ချစ်တဲ့စိတ်နဲ့ မိဘတွေက သဘောတူခဲ့တယ် ပတ်ဝန်းကျင်ကတော့ ပြောကြတယ် ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက်ဆိုတော့ ဒီလိုပဲ ပြောကြတာတွေရှိတာပဲ နောက်တော့လည်း အဆင်ပြေသွားတယ်”လို့ သတို့သမီးဖြစ်သူ မပိုးအိကျော်ဝင်းကပြောပါတယ်။



သတို့သားဖြစ်သူ မောင်အောင်အောင်ကလည်း "ကျွန်တော်တို့လို ဘဝတူအခြားစုံတွဲတွေကိုလည်း စိတ်ဓာတ်မကြပါနဲ့လို့ ကျနော်တို့ပဲ မင်္ဂလာဆောင်တွေကို ထပ်ပြီး မြင်ချင်ပါတယ်။"လို့ Duwun ကိုပြောပါတယ်။



ဒီလိုလိင်တူချင်းလက်ထပ်တာက ပြည်မြို့နယ်မှာ ဒုတိယအကြိမ်ဖြစ်ပြီးတော့ နိုဝင်ဘာ ၄ ရက်နေ့တုန်းက ပြည်မြို့နယ် ပန်းတင်ကျေးရွာမှာလိင်တူချင်းချစ်ကြိုက်သူနှစ်ဦး ဘိသိက်မြောက်ပြီးမင်္ဂလာပွဲကျင်းပပြီးတဲ့နောက်မှာ ထပ်မံပြုလုပ်တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က