၂၀၁၉ ခုနှစ်မှာ AHP အဖြစ်သတ်မှတ်ခံရဖို့ပါ။

ထမံသီတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောကို အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် စာရင်းတင်သွင်းခံရတယ်လို့ WCS Myanmar ကနေ ဒီဇင်ဘာ ၇ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

47578453_320036401932801_3159357614857388032_n.jpg

Photo - WCS

 

တောရိုင်းတိရိစ္ဆာန်တွေ၊ပကတိရှိတဲ့ကျက်စားဒေသတွေရှိနေတဲ့ထမံသီတောကိုအမည်စာရင်းတင်သွင်းတာဖြစ်ပြီးတော့ ဆက်လက်လုပ်ဆောင်မယ့် ကမ္ဘာ့အမွေအနှစ်အဖြစ်အမည်စာရင်းတင်သွင်းနိုင်ရေး အတွက်ဆောင်ရွက်သွားမယ်လို့ လည်းသိရပါတယ်။

အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာနကပညာရှင်တွေစေလွှတ်ပြီးအကဲဖြတ်မှုတွေဆန်းစစ်မှုတွေလာရောက်ဆောင်ရွက်မှာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ AHP အဖြစ်သတ်မှတ်ခံရဖို့ လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ရေရှည်တည်တံ့တဲ့ သယံဇာတအုပ်ချုပ်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း၊ တွေ လုပ်ဆောင်နိုင်ဖို့ ထမံသီတောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော သင်တန်းနဲ့ သုတေသနစင်တာကို သစ်တောဦးစီးဌာနနဲ့ ပူးပေါင်းဖွင့်လှစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ထမံသီ တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောက ၈၃၀.၄၀ စတုရန်းမိုင်၊ ၅၃၁၄၅၆ ဧကရှိပြီးတော့ ရှားပါးတိရိစ္ဆာန်တွေဖြစ်တဲ့ ကျား၊ကျားသစ်၊ ဆင်၊ပြောင်၊ဝက်ဝံ၊ မျောက်အမျိုးမျိုး ၊ငှက်အမျိုးမျိုးရှိတာဖြစ်ပြီးတော့ ရှားပါးတိရိစ္ဆာန်တွေကို ဘေးမဲ့ထိန်းသိမ်းထားတဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်ပါတယ်။

Share

Loading Next Article...
က္က