ဆရာဝန်အယောင်ဆောင်ထားတဲ့ ဂျူတီကုတ်တွေကော၊ရင်ထိုးတွေပါဖမ်းမိတာဖြစ်ပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံမှာ ဆရာဝန်အယောင်ဆောင်အမျိုးသမီး တစ်ဦးကို လမ်းမတော်ရဲစခန်းကနေ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက 'ဒီဇင်ဘာ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။



44977603_265362314333177_1509335435770331136_n.jpg 

ဒီဇင်ဘာ ၇ ရက်နေ့က အယောင်ဆောင်ပြီး ဗဟိုအမျိုးသမီးဆေးရုံကြီး ၊ (E) အဆောင်၊အခပေးအထူးအခန်း (၁၉) မှာ ဆေးရုံတက်နေတဲ့ ဒေါက်တာသိဂီ ၤဝင်းရဲ့ အခန်းထဲကို ဆရာဝန်အဖြစ်အယောင်ဆောင်လာတဲ့အမျိူးသမီးတစ်ဦး ရောက်နေတယ်လို့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

တာဝန်ကျနေတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေကလိုက်ရှာရာမှာတော့ သူ့ကိုအထူးခန်း(၂၂) မှာတွေ့ရပြီးတော့ သူနာပြုအုပ်ရုံးခန်းကို ခေါ်ဆောင်ပြီးမေးမြန်းရာမှာ ရှင်နှောင်း(၃၅) နှစ်၊လသာမြို့နယ်မှာနေထိုင်တယ်လို့ သိရပါတယ်။

အယောင်ဆောင်သူဆီကနေ ဒေါက်တာရှင်နှောင်း(ဗဟိုအမျိုးသမီးဆေးရုံကြီး)စာတမ်းပါတဲ့ ရင်ထိုး၁ခု၊ ဂျူတီကုတ် ၁ ထည်၊ နားကြပ်၁ ခုတို့ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းမိသူကို လမ်းမတော်မြို့နယ်ရဲစခန်းကနေ (ပ)၁၇၂/၂၀၁၈၊(ပ)၁၇၂/၂၀၁၈ ၊ရာဇသတ်ကြီးပုဒ်မ ၁၇၁ ((ပြည်သူ့ဝန်ထမ်းဝတ်ဆင်၊ကိုင်ဆောင်သော အဝတ်တန်ဆာတွေကို လိမ်လည်လိုသောကြံရွယ်ချက်နဲ့ ဝတ်ဆင်မှု)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က