အဓမ္မပြုကျင့်ဖို့ ကြိုးစားသူကို ဖမ်းမိခဲ့ပါတယ်။

အိမ်နီးချင်းအိမ်ကို အလည်သွားကစားတဲ့ အသက် ၅ နှစ်အရွယ်မိန်းကလေးငယ်ကို အဆိုပါ အိမ်က အမျိုးသားက အဓမ္မပြုကျင့်ဖို့ ကြံစည်မှု တောင်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

47580611_290552371592649_2882780309613445120_n.jpg 

ဖြစ်စဉ်ကတော့ ဒီဇင်ဘာ ၆ ရက်နေ့က တောင်ဒဂုံ ၇၂ ရပ်ကွက်မှာ နေထိုင်တဲ့ ၅ နှစ် ၆ လအရွယ် မိန်းကလေးက အနီးအနားကအိမ်မှာ သွားဆော့နေတာကို အဖိုးဖြစ်သူက မတွေ့တာကြောင့် လိုက်လံရှာဖွေရာ အဓမ္မပြုကျင့်ဖို့ ကြိုးစားနေတာကို တွေ့ရှိခဲ့ရတယ်လို့ အဖိုးဖြစ်သူရဲ့ ပြောကြားချက်အရ သိရပါတယ်။

''သူ့အဖိုးက လိုက်ရှာတဲ့အချိန်မှာ သူ့မြေးရဲ့ ဖိနပ်ကိုတွေ့တဲ့အချိန်မှာ အိမ်အပေါ်တတ်ပြီး လိုက်ရှာတဲ့အချိန်မှာ လူတယောက်မှ မတွေ့ဘူးပေါ့နော်။ မြေးလေးရေလို့ခေါ်ပြီး နောက်ဖေးလည်း ဝင်သွားရော အဲဒီအမျိုးသားက သူ့ခန္ဓာကိုယ်က အပေါ်ကမိုးပြီးတော့ ကြံစည်နေတာကို တွေ့လိုက်ရတာ။ အဲဒီကလေးငယ်သွားဆော့နေတဲ့ အိမ်က အရင်တည်းကလည်း ခင်မင်ရင်းနှီးကြပါတယ်'' လို့ တောင်ဒဂုံ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက Duwun ကို ပြောပါတယ်။

အဓမ္မပြုကျင့်ဖို့ ကြံစည်သူ အမျိုးသားကိုတော့ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး တောင်ဒဂုံရဲစခန်းကို အပ်နှံလိုက်တယ်လို့ သိရပါတယ်။ မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်မှုတွေ တောင်ဒဂုံမြို့နယ်အတွင်းမှာ ၃ ကြိမ်လောက် ဖြစ်ပွားခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဦးညီညီက ပြောပါတယ်။

လက်ရှိတော့ တောင်ဒဂုံမြို့နယ်မှာ သက်ငယ်မုဒိမ်းမှုပပျောက်ရေးနဲ့ ပတ်သက်ပြီး ပညာပေးအစီအစဉ် ပြုလုပ်သွားမယ် လို့လည်း ဦးညီညီက ပြောပါတယ်။ အသက် ၁၂ နှစ်နဲ့ ၁၂ နှစ်အောက် မိန်းကလေးတွေကို အဓမ္မပြုကျင့်မှု ကျုးလွန်တဲ့သူတွေကို ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ပေးဖို့ နိုဝင်ဘာ ၃၀ ရက်မှာ အမျိုးသားလွှတ်တော်က အတည်ပြုထားခဲ့ပါတယ်။

Share

Loading Next Article...
က္က