၁၂ ဘီး ကုန်တင်ယာဉ်ကို စစ်ဆေးရာ ဘိန်းဖြူ၊ဘိန်းညိုတွေ့ကို တွေ့ရှိခဲ့တာပါ။

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်မှာ ဒီဇင်ဘာ ၈ ရက်က ၁၂ ဘီး ကုန်တင်ကားအတွင်းကနေ ကျပ်သိန်းပေါင်း  ၇ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

 

Loi lin.jpg 

ဖြစ်စဉ်ကတော့ ဒီဇင်ဘာ ၈ ရက် ည ၁၁ နာရီလောက်မှာ လွိုင်လင်မြို့နယ်၊ ပန်ခေါက်ပိုးကျေးရွာ ဘုန်းကြီးကျောင်းရှေ့မှာ နမ့်စန်မြို့ဘက်ကနေ လွိုင်လင်မြို့ဘက်ကို မောင်းလာတဲ့ ISUZU ၁၂ ဘီးကားပေါ်ကနေ ဘိန်းဖြူနဲ့ ဘိန်းညို ၃၆၉ ဒသမ ၈၀၄ ကီလို ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ၁၂ ဘီး ကုန်တင်ယာဉ်ကို စစ်ဆေးရာ ယာဉ်နောက်ခန်းက ပီနံအိတ် ၆၂ အိတ်အတွင်းကနေ ဆပ်ပြာခွက်ပေါင်း ၁၀၇၀၀ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၁၁၇ ဒသမ ၇ ကီလို၊ ၅၂ ဒသမ ၁၀၄ ကီလိုရှိတဲ့ ဘိန်းဖြူဘလောက်တုံး ၁၅၆ တုံး စုစုပေါင်း ဘိန်းဖြူ ၁၆၉ ဒသမ ၈၀၄ ကီလို ( ၁ ကီလိုကို သိန်း ၂၅၀နှုန်းနဲ့ သိန်းပေါင်း ၄၂၄၅၁ သိန်းကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

ဒါ့အပြင် အဆိုပါ ၁၂ ဘီးကားပေါ်ကနေ ၁ ကီလိုကို သိန်း ၁၅၀ နှုန်းရှိပြီး သိန်း ၃ သောင်း တန်ဖိုးရှိတဲ့ ဘိန်းညိုမှုန့် ၂၀၀ ကီလို တို့ကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လွိုင်လင်မြို့မရဲစခန်းကနေ မူးယစ် (ပ) ၂၆/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) / ၂၁ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

 

Share

Loading Next Article...
က္က