အဖမ်းခံရတာ ၁ နှစ်ရှိပါပြီ။

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ်၇ နှစ် ချမှတ်ခံရပြီးတဲ့နောက်မှာ အယူခံတင်ထားတာကို လာမယ့်ဒီဇင်ဘာ ၂၄ ရက်နေ့မှာစတင်ကြားနာမယ်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာသတင်းထောက်နှစ်ဦးရဲ့ ရှေ့နေဖြစ်တဲ့ ဦးသန်းဇော်အောင်က Duwun ကိုပြောပါတယ်။

39522368-2053765531301255-2210787806630903808-n.jpg

“ကြားနာမယ်ဆိုတာဟုတ်ပါတယ်။ ၂၄ ရက်နေ့မှာတစ်ဖက်ကလည်းလျှောက်လဲချက်ပေးမယ်။ ကျွန်တော်တို့ဘက်ကလည်း လျှောက်လဲချက်ပေးရမယ်ပေါ့နော်” လို့ ဦးသန်းဇော်အောင်ကပြောပါတယ်။

အယူခံဝင်တာက နိုဝင်ဘာ ၅ ရက်နေ့မှာတင်သွင်းတာဖြစ်ပြီးတော့ တင်သွင်းထားတဲ့ အယူခံကိုပဲနှစ်ဖက်လျှောက်လဲချက်ပေးရမှာဖြစ်တယ်လို့ သူကပြောပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ နဲ့ အင်းစိန်တရားရုံးကနေ စက်တင်ဘာလ ၃ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ်ချမှတ်တာဖြစ်ပြီးတော့ တရားရုံးကနေ အသင်းအဖွဲ့တစ်ခုရဲ့ ဖုန်းနံပါတ်တွေ့တာနဲ့ ဒုသမ္မတအပါအဝင် ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်တွေနဲ့ပါတ်သတ်ပြီး တွေ့ရှိတာကြောင့်လို့ ဆိုပြီး အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကျော်စိုးဦးတို့နှစ်ဦးကို ရခိုင်ပြည်နယ်မြောက်ပိုင်းအင်းဒင်ကျေးရွာ လူသတ်မှုအတွက် အချက်အလက်တွေနဲ့ပါတ်သတ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်တုန်းက ရဲတပ်ဖွဲ့ဝင်တွေက မင်္ဂလာဒုံမြို့နယ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရိုက်တာသတင်းထောက် ၂ နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့အတွက် ပြည်တွင်းက မီဒီယာတွေအပါအဝင် ပြည်ပကမီဒီယာသမားတွေကပါ တောင်းဆိုနေကြတာဖြစ်ပြီးတော့ အဖမ်းဆီးခံရတာက တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က