အသက် ၁၅ နှစ်အရွယ်လူငယ်ကို လုပ်ခဲ့တာပါ။

ဖရဲသီးပုံထဲမှ ဖရဲသီးတစ်လုံးယူစားသူ အသက် ၁၅ နှစ်အရွယ်လူငယ်အား ကြိုးနှင့်တုပ်၍ ဓားနှင့်ခုတ်သူတွေကို ဖမ်းဆီးအရေးယူထားတယ်လို့ ငါးဇွန်းမြို့မရဲစခန်းကစုံစမ်းသိရပါတယ်။

ngazon.JPG

Photo - Mandalay Police

ဒီဇင်ဘာ ၉ ရက်နေ့ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန် ငါန်းဇွန်မြို့နယ်၊ ဖောင်းကတောရွာနေ ဦးဝင်းဆန်း ဟာ နေအိမ်မှာ ရှိနေစဉ် မြေးဖြစ်သူ နိုင်ကိုထက် ၁၅ နှစ်ကို  ဖရဲစိုက်ခင်းက လူများမှဆွဲခေါ်သွားတယ်ဆိုတာ သိရပြီးလိုက်ရှာခဲ့ပါတယ်။

အဲ့ဒီနောက် ဖရဲစိုက်ခင်းထဲမှာ နိုင်ကိုထက်ကို လက်တွင်ကြိုးတုတ်လျက် နောက်ကျော အလယ်မှာ ပြတ်ရှ ဒဏ်ရာတစ်ခု၊ လက်ယာနားနောက်ဖူးရောင်ဒဏ်ရာတွေနဲ့  ထိုင်နေသည်ကိုတွေ့လို့ မေးမြန်းရာမှာ သူဟာ ရဲဝင်းရွှေဆိုတဲ့သူနဲ့ အတူ သားကျင်ရွာရှိဖုန်းပြင်ဆိုင်မှာ ဖုန်းရွေးပြီးအပြန် ဖရဲစိုက်ခင်းအတွင်း ခူးပြီးပုံထားတဲ့ ဖရဲသီးပုံထဲက ဖရဲသီးတစ်လုံးယူစားမိခဲ့တယ်လို့ ပြောပါတယ်။

အဲ့ဒီနောက် ဖရဲစိုက်ခင်းထဲက အမည်မသိလူ ၂ ဦးက တဲသို့ဆွဲခေါ်စဉ်မှာ ရဲဝင်းရွှေက  ထွက်ပြေးသွားခဲ့ပါတယ်။ ခေါ်သွားတဲ့သူတ၂ ယောက်က တဲအရောက်မှာ  နိုင်ကိုထက်ရဲ့လက်ကို  ကြိုးနဲ့တုပ်ပြီး ဓားနဲ့ နောက်ကျောခုတ်၊ ဓားအိမ်ဖြင့် ၅ ချက်ခန့်ရိုက်၊ ခြေထောက်နဲ့ ကန်ပြီး တုတ်နဲ့ထပ်မံရိုက်ခဲ့ တယ်လို့ရဲစခန်းကထုတ်ပြန်ပါတယ်။

"တရားခံတွေကို မိပါပြီ။ စိုင်းမောင်ရီနဲ့ စိုက်ခင်းမန်နေဂျာ စိုင်းစိုင်းအောင်ဆိုတဲ့သူ ၂ယောက်ဖြစ်ပါတယ်။ ဆက်လက်အရေးယူဖို့လုပ်နေပါတယ်။"လို့  ငါန်းဇွန်မြို့မရဲစခန်က တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

ဒါကြောင့် စိုင်းမောင်ရီနဲ့ စိုင်းစိုင်းအောင်တို့ကို ငါန်းဇွန်မြို့မရဲစခန်း(ပ)၈၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅/၃၄၂/၁၁၄ အရ အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က