AD
AD
AD
play

 

199 Call Center ကို နောက်ပြောင်ပြီး မမှန်သတင်းပေးခဲ့သူကို ရွှေပြည်သာတရားရုံးက ပြည်သူ့ဝန်ထမ်း ဥပဒေပုဒ်မ ၁၈၂၊ မမှန်သတင်းပေးမှုနဲ့ ဖမ်းဆီးအရေးယူခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်မှာ အလုပ်နဲ့ထောင်ဒဏ် သုံးလချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၈ နှစ်အရွယ် ဇင်ဇော်မင်းဆိုသူက ဒီဇင်ဘာ ၂၀ ရက်က 199 Call Center ကို ဖုန်းဆက်ပြီး ရွှေပြည်သာကွန်ပျူတာ တက္ကသိုလ်ရှေ့မှာ အုပ်စုဖွဲ့ ရိုက်နှက်နေတယ်လို့ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

Call Center တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေက လှော်ကားနယ်မြေရဲစခန်းကို လွှဲပြောင်း အကြောင်းကြားခဲ့ပြီး လာရောက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တရားခံက ရွှေပြည်သာမြို့နယ် ကျောင်းကုန်ရပ်ကွက် ပေါင်ချိန်စက်ရုံဘေး အုတ်နံရံ ကြားကနေ ဖုန်းဆက်နောက်ပြောင်ခဲ့တဲ့ ရယ်သံကြောင့် ပုန်းအောင်းနေတဲ့ တရားခံကို ဖမ်းဆီးရမိခဲ့တယ်လို့ လှော်ကားနယ် မြေရဲစခန်းမှူး ရဲအုပ်သက်နိုင်က ပြောပါတယ်။

အခုလို 199 Call Center ကို နောက်ပြောင်ဖုန်းခေါ်ဆိုလို့ အရေးယူတာက ပထမဆုံးဖြစ်ပြီး ပြည်သူတွေသုံးစွဲနေတဲ့ ဆင်းမ်ကတ်တွေ အကုန်မှတ်ပုံတင်ပြီးရင် အော်ပရေတာနဲ့ ပူးပေါင်းပြီး 199 ကို ဖုန်းဆက်နောက်ပြောင်သူတွေကို အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးလှဝေက ပြောပါတယ်။

199 Call Center ကို တစ်ရက် ပျမ်းမျှဖုန်းခေါ်ဆိုမှု ၁,၈၀၀ ခန့်ရှိပြီး ပျမ်းမျှ ၁၅၀ လောက်ကပဲ အတည်သတင်းပေး ဆက်သွယ်တဲ့ ဖုန်းခေါ်ဆိုမှုဖြစ်တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD