AD
AD
AD

ရန်ကုန်မြို့ ပထမဆုံး 3D လူကူးမျဉ်းကြားကိုအောက်တိုဘာ ၃၁ ရက်နေ့ညပိုင်းက ဂရာဖတီပညာရှင် အာကာကျော်ကနေ ရေးဆွဲခဲ့ပါတယ်။

play
making myanmar road safer

 

ဒီလိုရေးဆွဲတာက ပိုမိုဘေးကင်းသော လမ်းများဆီသို့ ဆိုတဲ့ကမ်ပိန်းရဲ့ လှုပ်ရှားမှုတစ်ခုအနေနဲ့ ပြုလုပ်တာဖြစ်ပြီးတော့ ရန်ကုန်က ပထမဆုံး 3D လူကူးမျဉ်းကြားအနေနဲ့ ရေးဆွဲတာဖြစ်ပါတယ်။

လူကူးမျဉ်းကြားကိုတော့ ပြည်လမ်း၊ Junction Square အနီးမှာရေးဆွဲထားတာဖြစ်ပြီးတော့ လူကူးမျဉ်းကြားကတစ်ဆင့် ယာဉ်မောင်းသူတွေကို လူကူးမျဉ်းကြားနားရောက်ရင် အရှိန်လျော့မောင်းနှင်ပေးဖို့အပြင် လမ်းအသုံးပြုသူတွေပါ ဘေးကင်းစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။

“ ဆွဲတာကတော့တစ်ညတည်းနဲ့ အပြီးဆွဲတာပါ။ကမ်ပိန်းအတွက် ကျွန်တော်နဲ့ ပူးပေါင်းပြီးလုပ်တာပါ။ မျဉ်းကျားကို သရီးဒီပုံစံနည်းနည်းပေါ်တော့  အမြင်ဆန်းပြီး မောင်းရင် အရှိန်လျော့လာမယ်ပေါ့နော်။ ဒီလောက်ပါပဲ” လို့  အနုပညာရှင်ကိုအာကာကျော်က ပြောပါတယ်။

အဆိုပါကမ်ပိန်းကိုတော့ ရန်ကုန်မြို့တော်စည်ပင်ယာသာရေးကော်မတီနဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းရေးဆွဲထားတာဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD