Local News: 4G အသုံးပြုနိုင်တဲ့ တယ်လီနော ဆင်းမ်ကတ်တွေလဲလို့ရပြီ

လက်ရှိဆင်းမ်ကတ်တွေက 4G ကွန်ရက်ကို အထောက်အပံ့ မဖြစ်တော့ပါဘူး။

play

 

မူလလက်ဟောင်း တယ်လီနောဆင်းမ်ကတ် သုံးနေတဲ့သူတွေကို 4G ကွန်ရက်အသုံး ပြုနိုင်တဲ့ ဆင်းမ်ကတ်အသစ် USIM နဲ့ လဲလှယ်ဖို့ တယ်လီနောမြန်မာက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ 2G ကွန်ရက်ကို ၀န်ဆောင်မှုပေးတုန်းက ဖြန့်ချိခဲ့တဲ့ဆင်းမ်ကတ်တွေက 4G ကွန်ရက်ကို အထောက်အပံ့မဖြစ်တော့လို့ နည်းပညာမြင့် ဆင်းမ်ကတ်တွေ လဲလှယ် အသုံး ပြုဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

‘‘နောက်ပိုင်းထုတ်ပေးထားတဲ့ ဆင်းမ်ကတ်တွေကတော့ USIM တွေပဲ။ အရင်တုန်းက ဖြန့် ချိခဲ့တဲ့ ဆင်းမ်ကတ်တွေကတော့ 4G ကို မထောက်ပံ့နိုင်ဘူး"လို့ တယ်လီနော ပြန်ကြားရေးတာဝန်ခံ ကိုအဲလက်စ်က ပြောခဲ့ပြီး လက်ရှိအချိန်မှာတော့ ဆင်းမ်ကတ် မှတ်ပုံတင်တာတွေနဲ့အတူ ဆင်းမ်ကတ်အသစ် USIM လဲလှယ်ပေးတာကို တယ်လီနောက တွဲဖက်ဝန်ဆောင်မှုပေးနေတယ်လို့ ဆိုပါတယ်။

play

 

လက်ရှိအချိန်မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက 4G ကွန်ရက်ကို တည်နေရာ အကန့်အသတ်နဲ့ ၀န်ဆောင်မှုပေးနေပေမယ့် ဆက်သွယ်ရေး အော်ပရေတာနှစ်ခုဖြစ်တဲ့ အူရီးဒူးနှင့် တယ်လီနောက ကွန်ရက်တိုးချဲ့တည်ဆောက်တာတွေကို ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့မှာ တိုးချဲ့ မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ 4G ၀န်ဆောင်မှုပေးနေတာကို ဆက်သွယ်ရေးအော်ပရေတာနှစ်ခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် တယ်လီနောတို့က ထုတ်ဖော်ပြောကြားတာမရှိသေးပေမယ့် အူရီးဒူးက အသုံးပြုသူ ၄ ဒသမ ၆ သန်းရှိနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Photos : 7DayDaily,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ