Telenor ဟာ ပြည်တွင်း 4G ကွန်ရက်အတွက် ဒေါ်လာ သန်း ၈၀ ထပ်မံရင်းနှီးမြှပ်နှံသွားတော့မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက 1800 MHz လှိုင်းနှုန်းစဉ်ရဲ့ ပထမဆုံး 2 X 10 MHz ကို အမေရိကန် ဒေါ်လာ သန်း ၈၀ နဲ့ အသုံးပြုခွင့်ရရှိထားပြီးဖြစ်ကြောင်း၊ အဲဒီအသုံးပြုခွင့်လုပ်ငန်းစဉ်မှာ ထပ်ဆောင်း လှိုင်းနှုန်းစဉ်တွေကို အများဆုံး 2 X 10 MHz အထိ ဆက်သွယ်ရေးအော်ပရေတာတွေအနေနဲ့ ထပ်မံရယူခွင့်ပြုထားခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ တယ်လီနောဟာ 1800 MHz လှိုင်းနှုန်းစဉ် ရဲ့ထပ်ဆောင်း လှိုင်းနှုန်းစဉ်တွေရယူခွင့်ကို ရယူအသုံးပြုလျက်ရှိတယ်လို့ဆိုပါတယ်။

play

 

“မြန်မာနိုင်ငံမှာမိုဘိုင်းဒေတာသုံးစွဲမှုကိုအလေးထားအသုံးပြုနေတာဖြစ်လို့ ခေတ်မီအဆင့်မြင့် ကွန်ရက်တစ်ခု ဖော်ဆောင်ထားဖို့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက် လုပ်ဆောင်လျက် ရှိပါတယ်။ လှိုင်းနှုန်းစဉ်အသုံးပြုမှုကို နှစ်ဆတိုးမြှင့်လိုက်တာဖြစ်လို့ ပိုမိုကောင်းမွန်တဲ့ ကွန်ရက်လွှမ်းခြုံမှုတွေ ရှိလာမှာ လည်း ဖြစ်ပါတယ်” လို့ တယ်လီနောရဲ့ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောပါတယ်။

အခုနှစ်အကုန်မှာ မြန်မာနိုင်ငံရဲ့ မြို့ကြီး တွေနဲ့ ထင်ရှားတဲ့ခရီးသွားနေရာ စုစုပေါင်း ၅၀ မှာ ကွန်ရက် လွှမ်းခြုံဖို့ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။၂၀၁၃ ခုနှစ် လုပ်ငန်းတွေ စတင်တဲ့ အချိန်ကနေ ယနေ့အချိန်အထိ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။ တာဝါတိုင်ပေါင်း ၈၀၀၀ ခန့်ရှိပြီးဖြစ်ကာ သုံးစွဲသူ ၁၉ သန်းကျော်ရှိပြီလို့ သိရပါတယ်။

photos & Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video