AD
AD
AD
play

 

ချင်းပြည်နယ် ပလက်ဝဒေသမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ရဲ့ တိုက်ခိုက်တာတွေဖြစ်ပြီး ပြီးနောက်ပိုင်းမှာ ရခိုင်ဒေသထဲမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေရှိလာလို့ ပလက်ဝဒေသတိုက်ခိုက်မှုနဲ့ ဆက်စပ်သတိပြုရမယ်လို့ သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်က ရန်ကုန်မြို့အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ မီဒီယာတွေက ဦးဇော်ဌေးကို တပ်မတော်နဲ့ AA တို့အကြား ပလက်ဝဒေသတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မေးမြန်းတုန်းမှာ အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

‘‘AA ဘက်ကို ကျွန်တော်တို့ အားလုံးက အာရုံရောက်သွားတယ်။ အာရုံရောက်သွားပြီးတော့ AA ဘက်ကိုပဲ လုံခြုံရေးတပ်ဖွဲ့ တွေက သွားတယ်။ အဲဒီအချိန်မှာ ARSA တိုက်တာဖြစ်လာတယ်’’လို့ ဦးဇော်ဌေးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ်လမှာ တပ်မတော်နဲ့ AA တို့ ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ARSA က မောင်တောဒေသကို အကြမ်းဖက်တိုက်ခိုက်ခဲ့လို့  သတိပြုစေချင်တဲ့အကြောင်း  ဦးဇော်ဌေးက ပြောခဲ့တာပါ။

ARSA အဖွဲ့က တိုက်ခိုက်လာချိန်မှာ မောင်တောဒေသအတွင်း မြိုတိုင်းရင်းသားရှစ်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မေယုတောင်စိုးမိုး ရေးဆောင်ရွက်ဖို့ ကြိုတင်ပို့ဆောင်ထားတဲ့ တပ်မတော်တပ်ဖွဲ့ဝင်တွေရှိနေလို့ အကြမ်းဖက်မှုပြန်လည်တုံ့ပြန်ရာမှာ ခံသာခဲ့တယ်လို့  ဦးဇော်ဌေးက ပြောပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD