play

 

မောင်တောဒေသမှာ နယ်မြေလုံခြုံရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ တပ်မတော်စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်တဲ့ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ကို တပ်မတော်က ရှုတ်ချလိုက်ပြီး ထိထိရောက်ရောက်လက်တုန့်ပြန်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်နေချိန်မှာ AA အဖွဲ့က တပ်မတော် စစ်ကြောင်းတစ်ခုကို ၂၀၁၇ ဩဂုတ် ၃၁ ရက်မှာ အလစ်အငိုက်ရယူပြီး ချောင်းမြောင်းတိုက်ခိုက်ခဲ့လို့ တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

play

 

ရခိုင်ပြည်နယ်အရေးကိစ္စကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေအားလုံးက အမျိုးသားရေးအသိစိတ်ဓာတ်နဲ့ နိုင်ငံတော်ရဲ့ အနောက်ဘက်တံ တိုင်းစည်းရိုးကျိုးပေါက်မှုမရှိစေရေး အစွမ်းကုန်ဆောင်ရွက်နေချိန်မျိုးမှာ မလုပ်သင့်၊ မလုပ်ထိုက်သည့်ကိစ္စကို ဆောင်ရွက် ခဲ့တဲ့ AA အဖွဲ့ကို တပ်မတော်က ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချတဲ့အပြင် ထိရောက်စွာလက်တုံ့ ပြန် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။

 

AA ကလည်း ဩဂုတ် ၃၁ ရက်မှာ တပ်မတော်နဲ့ ကုလားတန်မြစ်အ နောက်ဘက်ခြမ်း ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ တိုက်ပွဲကြောင့်တပ်မတော်ဘက်မှ ခြောက်ဦးကျဆုံးပြီး လက်နက်နဲ့ ကျည်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဩဂုတ် ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Source : 7DayDaily, တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Photos : AFP

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video