AD
AD
AD
play
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာသည့် မိသားစုတစ်စု။

 

ချင်းပြည်နယ် ပလက်ဝဒေသမှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ရဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ AA အဖွဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပီးခဲ့တဲ့ ရက်တွေမှာ တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ နိုဝင်ဘာလ ၁၃ ရက် မနက်ပိုင်းမှ မွန်းလွဲ ၂ နာရီအထိ လက်တစ်ကမ်းတိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့  AA အဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။

နိုဝင်ဘာလ ၈ ရက်မှာ ချင်းပြည်နယ် ပလက်ဝမြို့နားက ကုလားတန်မြစ်ကြောင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့နေပြီး ကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့  AA အဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပေမယ့် အကျအဆုံးနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

play
AA အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒဏ်ရရှိသူတစ်ဦးအား သယ်ဆောင်လာစဉ်။

 

အဆိုပါ ပလက်ဝဖြစ်စဉ်က ပြည်သူလူထု လုံခြုံရေးကို ထိခိုက်လာတဲ့  ဖြစ်စဉ်ဖြစ်လို့ ပြန်လည် တိုက်ခိုက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားပါတယ်။

အရပ်သားသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တဲ့ ကုလားတန်မြစ်အတွင်း တိုက်ခိုက်မှုဖြစ်စဉ်မှာ AA လက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဖြစ်ပွားရတာလို့ တပ်မတော်နဲ့ အစိုးရဘက်က သတင်းထုတ်ပြန်ထားပေမယ့် AA အဖွဲ့က တပ်မတော် လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စက်လှေတွေကိုပဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

 

တအာင်း ပလောင် (TNLA)၊ ကိုးကန့် (MNDAA) နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့က ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က NCA လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်တာ မခံခဲ့ရတဲ့ အဖွဲ့တွေဖြစ်ပြီး တပ်မတော်က အဆိုပါအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ကြေညာထားပါတယ်။

Source : The Voice

Photos :

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD