AD
AD
AD
play

 

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေရဲ့ အခက်အခဲ ပြဿနာတွေကို ကူညီဖြေရှင်းပေးနေတဲ့ AAC မဟာမိတ်အဖွဲ့က အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေနဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖိအားပေးတာတွေကြောင့် အဖွဲ့လှုပ်ရှားမှုတွေကို ရပ်နားခဲ့ရတယ်လို့ အဆိုပါအဖွဲ့တာဝန်ရှိသူ ကိုရဲမင်းက ပြောပါတယ်။

‘‘ကျွန်တော်တို့အဖွဲ့ လုပ်လို့ မရအောင် အဖွဲ့မျိုးစုံက ဖိအားပေးတယ်။ မြန်မာပြည်က အေ ဂျင်စီတွေကလည်း ဖိအားပေး တယ်။ နောက်ပြီး ထိုင်းပွဲစားတွေရော၊ မြန်မာပွဲစားတွေကရောဖိအားပေး ရန်ရှာလာတာရှိနေတယ်။ ထိုင်းရဲတွေကလည်း မှတ်ပုံတင်မရှိဘဲ အဖွဲ့အစည်းလုပ်လို့ မရဘူးဆိုပြီး ဖိအားပေးခံနေရတာ တွေရှိတယ်။ အခုနောက်ပိုင်းမှာ အသက်အန္တရာယ်ပါ ရန်ရှာတဲ့ အထိ ဖြစ်လာလို့ ရပ်နားလိုက်ရ တာ’’ဟု AAC မဟာမိတ်အဖွဲ့ ဦးဆောင်တည်ထောင်သူ ကိုရဲမင်းက ပြောပါတယ်။

အလုပ်သမား ကူညီမှုတွေကို ရင်နာနာနဲ့ ရပ်နားခဲ့ပြီး AAC အဖွဲ့ကို ပျက်စီးစေလိုသူတွေက  ဂုဏ်သိက္ခာကျ အရှက်ရရန် အကွက်ချ လုပ် ဆောင်မှုတွေအပြင် အဖွဲ့ဝင်တွေရဲ့ အသက်အန္တရာယ်ကိုပါ ရန်ရှာခြိမ်းခြောက်လာလို့ အဖွဲ့လှုပ်ရှားမှုတွေကို  အချိန် အကန့်အသတ်မရှိရပ်နားကြောင်း အဆိုပါအဖွဲ့က ဒီဇင်ဘာ ၁၁ ရက် မှာ ကြေညာခဲ့ပါတယ်။

play

 

မြန်မာအလုပ်သမားဝန်ကြီးဌာနကလည်း AAC အဖွဲ့အပေါ် ထောက်ခံအားပေးရပ် တည်မှုမရှိခဲ့ဘဲ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က AAC ဂေဟာကို ဒီဇင်ဘာလ ၁၁ ရက်က လာရောက်ပြီး အလုပ်သမားများကို စစ်ဆေးခဲ့တယ်လို့ ကိုရဲမင်းက ပြောပါတယ်။

AAC အဖွဲ့ကို ၂၀၁၄ က စတင်တည်ထောင်ခဲ့ကာ ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ အခြေစိုက်ထားပြီး ထိုင်းရောက် မြန်မာလုပ်သားတွေ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရမှု၊ လူကုန်ကူးခံရမှု၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှုနဲ့ သတ်ဖြတ်ခံရမှု စတာတွေကို လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေထဲက အလုပ်ထုတ်ပယ်ခံရသူတွေ အလုပ်မရရှိတဲ့သူတွေနဲ့  နေထိုင်ဖို့ အခက်အခဲရှိနေတဲ့ မြန်မာလုပ်သားတချို့ နေထိုင်စားသောက်ဖို့ AAC မဟာမိတ်အဖွဲ့က မဟာချိုင်မြို့မှာ နိုဝင်ဘာ ၂၆ ရက်က ဂေဟာတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။

Source : 7DayDaily

Photos : AAC

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD