AD
AD
AD

စင်္ကာပူ ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ Academy Of Rock ဂီတကျောင်းကို မြန်မာနိုင်ငံမှာ တက်ရောက်နိုင်တယ်လို့ သိရပါတယ်။

အဆိုပါ ကျောင်းဟာ Electric / Acoustic Guitar, Drums, Vocals , Bass Guitar ,Keyboard ,Music production အစရှိတဲ့ ငီတနဲ့ပတ်သက်တဲ့ သင်တန်းတွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။ သင်ခန်းစာတွေကို နိုင်ငံတကာက Academy Of Rock သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးတာဖြစ်ပြီး သင်တန်းသားတွေ ဂီတကို ပျော်ရွှင်စွာ သင်ယူနိုင်ဖို့ ရည်ရွယ် စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ Academy Of Rock – Myanmar ဟာ Academy Of Rock – Singapore ရဲ. လက်ခွဲ အဖြစ် ၂၀၁၅ ခုနှစ်မ စတင်ကာ ကန်တော်ကြီး Utopia Tower မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ Academy Of Rock – Singapore ရဲ့ နည်းစနစ် သင်ရိုးတွေအတိုင်း Electric / Acoustic Guitar, Drums, Vocals , Bass Guitar ,Keyboard ,Music production အစရှိတဲ့ သင်တန်းတွေ သင်ကြားပေးနေတာလည်း ဖြစ်ပါတယ်။

play

 

စာမေးပွဲအတွက် Rockschool UK exam board နဲ.ချိတ်ဆက်ထားပြီး သင်တန်းသားတွေဟာ တစ်နှစ်မှာ နှစ်ကြိမ်ခန်. စာမေးပွဲဖြေခွင့်ရှိတယ်လို့လည်း သိရပါတယ်။ စာမေးပွဲကို စင်္ကာပူနဲ့ ယူကေမှ ပညာရှင်မျှား လာရောက်စစ်ဆေးပေးတာလည်း ဖြစ်ပါတယ်။ ယခုအခါ Academy Of Rock – Myanmar ကို ရွှေဂုံတိုင် ရွှေမင်းဝံ သာသနာ့ရိပ်သာဘေးသို့ ပြောင်းရွေ.ဖွင့်လှစ်ထားပြီး အသေးစိတ်သိရှိလိုသူတွေအနေနဲ့ ဖုန်းနံပါတ် ၀၉ ၂၅၃၃၀၀၀၀၇ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD