AD
AD
AD
play

 

မတ်လ ၁၇ ရက် ည ၁၀ နာရီလောက်က နေပြည်တော်ဘူတာကြီးနားမှာ The Voice သတင်းဌာနက အကြီးတန်းသတင်းထောက် ကိုတင်လင်း မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို တပ်မတော်သားတစ်ဦးမောင်းနှင်လာတဲ့ ကားက နောက်ကနေ၀င်တိုက်မိခဲ့လို့ ကိုတင်လင်းက နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

"ဘူတာကြီးနား သံလွင်လမ်းမပေါ်မှာ ဆိုင်ကယ်နဲ့ကားတိုက်ကြောင်းသတင်းရတယ်။ သံလွင်လမ်းခုံးအကျော်လောက်မှာ ကားကရပ်ထားတယ်။ ဖြစ်စဉ်က သံလွင်လမ်းမအတိုင်းလာတဲ့ ဆိုင်ကယ်ကို ဗိုလ်မှူးကောင်းထူးလွင် မောင်းနှင်လာတဲ့ Crown အနက်ရောက်ကားက နောက်ကနေ တိုက်တယ်။ ယာဉ်မောင်းနဲ့ ပတ်သက်လို့ အရက်သေစာသောက်စားထားခြင်းရှိမရှိစစ်ဆေးထားတယ်"လို့ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက နေပြည်တော်အခြေစိုက်သတင်းသမားတွေကို ဖြေကြားထားပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကားနံပတ်ပြား 5D/1956 က ပြုတ်ကျကျန်ခဲ့ပြီး မော်တော်ယာဉ်ကိုမောင်းနှင်သူ ဗိုလ်မှူးကောင်းထူးလွင်က ကားကိုမောင်းနှင်ထွက်ပြေးခဲ့ကာ အခင်းဖြစ်ပွားတဲ့နေရာနဲ့ နှစ်မိုင်အကွာမှာ အဆိုပါ ဆိုင်ကယ်ကယ်ရီသမားတွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

"တိုက်ပြီးမောင်းပြေးတယ်၊ ဘီးပေါက်တဲ့အနေအထားနဲ့ပေါ့၊ ဆိုင်ကယ်ကယ်ရီသမားတွေက နောက်ကလိုက်တော့ အခင်းဖြစ်ပွားတဲ့နေရာကနေ နှစ်မိုင်လောက်အကွာမှာ ဖမ်းမိခဲ့တာ"လို့ နေပြည်တော်အခြေစိုက် သတင်းထောက်တစ်ဦးက ပြောပါတယ်။

ယာဉ်တိုက်မှုကျူးလွန်သူမှာ တပ်မတော်သားဖြစ်တာကြောင့် မိခင်တပ်ရင်းကို လွှဲပြောင်းသွားမှာဖြစ်ပြီး အဆိုပါယာဉ်တိုက်မှုကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က)နဲ့ အမှုဖွင့်ထားတယ်လို့ ကျည်တောင်ကန်ရဲစခန်းကနေ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD