play

 

အာရှဂျာနယ်လစ်တွေအတွက် ချီးမြင့်တဲ့ Kate Webb ဆုကို Frontier သတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် ကိုမြတ်ကျော်သူက ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဆုကို ရရှိခဲ့တဲ့ ကိုမြတ်ကျော်သူက ၂၀၁၆ ခုနှစ်အတွင်းမှာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးနဲ့လူမျိုးရေး ပဋိပက္ခဆိုင်ရာ သတင်းတွေကို ဆက်တိုက်ရေးသားဖော်ပြခဲ့သူဖြစ်ပြီး Arakan Rohingya Salavation Army (ARSA) က စစ်တပ်နဲ့ ရဲတပ်ဖွဲ့စခန်းများကို တိုက်ခိုက်တာကနေ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်တွေကြောင့် ဒုက္ခသည် ၉၀၀,၀၀၀ ခန့် နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့မှုကို မှတ်တမ်းတင်ရေးသားခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

play

 

၂၀၀၈ ခုနှစ်ကနေ စတင်ပေးအပ်ခဲ့တဲ့ Kate Webb ဆုကို ဒေသတွင်း ခက်ခက်ခဲခဲနဲ့ အန္တရာယ်ရှိတဲ့ အလုပ်တွေကို လုပ်ဆောင်နေတဲ့ အာရှသတင်းထောက်တွေအတွက် AFP သတင်းဋ္ဌာနက နှစ်စဉ် ချီးမြင့်နေတာ ဖြစ်ပါတယ်။

အဆိုပါဆုကို ၂၀၀၇ ခုနစ် အသက် ၆၄ နှစ်အရွယ်မှာသေဆုံးခဲ့တဲ့ AFP သတင်းဌာနရဲ့ အထူးချွန်ဆုံး သြတြေးလျ ဂျာနယ်လစ်တစ်ဦးဖြစ်သူ Kate Webb ရဲ့ အမည်ကို အစွဲပြုပြီး နှစ်စဉ်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

AFP သတင်းဌာနရဲ့ Kate Webb ဆု ဆွတ်ခူးရရှိတဲ့သူကို ယူရို ၃၀၀၀ (အမေရိကန်ဒေါ်လာ ၃၅၀၀ ) ချီးမြှင့်သွားမှာ ဖြစ်ပြီး ဆုပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်မြို့မှာ လာမယ့်နှစ်သစ်ကူးကာလအတွင်း ပြုလုပ်သွားမယ်လို့ AFP သတင်းဌာနရဲ့ သတင်းတစ်ရပ်မှာ ရေးသားဖော်ပြထားပါတယ်။

Source : AFP

Photos : Frontier,AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video