မှတ်တိုင် ၁၆ ခုမှာပဲ ခရီးသည်အတင်အချပြုလုပ်မှာ ဖြစ်ပြီး တစ်ဦးကို ယာဉ်စီးခ ၅၀၀ ကျပ်နဲ့ ပြေးဆွဲမှာ ဖြစ်ပါတယ်။
 

ရန်ကုန်လေဆိပ်ကနေ ဘူတာကြီးအထိပြေးဆွဲမယ့် Airport Shuttle အမြန်ယာဉ်လိုင်းကို Omni focus General Services Public ကုမ္ပဏီက တရုတ်နိုင်ငံထုတ် FOTON ယာဉ်အသစ်အစီး ၅၀ နဲ့ ဇွန် ၂၂ ရက်မှာ စတင် ပြေးဆွဲသွားမယ်လို့ အဆိုပါကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။



အဆိုပါခရီးစဉ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ၈ မိုင်လမ်းဆုံ၊ ရန်ကုန်ဟိုတယ် ၊ နဝဒေးရုပ်ရှင်ရုံ၊ ကမ္ဘာအေးဘုရားလမ်း၊ Sedona Hotel၊ မြန်မာပလာဇာ၊ Melia Hotel၊ Excel Hotel ၊ ရွှေဂုံတိုင်၊ ရွှေတိဂုံဘုရား၊ တိရစ္ဆာန်ဥယျာဉ်၊ Park Royal Hotel ၊ သမ္မတရုပ်ရှင်ရုံ၊ Shangri-La Hotel၊ Sule Square ၊ ဆူးလေဘုရား၊ ရန်ကုန်ဘူတာကြီးအထိ မှတ်တိုင် ၁၆ ခုသာ ခရီးသည်အတင်အချ ပြုလုပ်သွားမှာဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်းကြောင်းအတိုင်း ပြေးဆွဲသွားမှာဖြစ်ပြီး ယာဉ်စီးနင်းခ တစ်ဦးကို ၅၀၀ ကျပ် ကောက်ခံသွားမယ်လို့ ဆိုပါတယ်။

 

"ယာဉ်လိုင်းကို ဇွန် ၂၂ ရက်မှာစပြီးပြေးဆွဲသွားမယ်။ ယာဉ်စီးခကတော့ ခရီးသည်တစ်ယောက်ကို ၅၀၀ ကျပ် နှုန်းသတ်မှတ်ထားတယ်။ ကားပေါ်ကဆင်းတာနဲ့ လေဆိပ်ဝင်းထဲကို ဝင်လို့ရအောင် စီစဉ်ထားတယ်“လို့ Omni Focus ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောပါတယ်။

Airport Shuttle ပုံစံပြေးဆွဲတာဖြစ်လို့ ပြည်ပခရီးသွားတွေနဲ့ နိုင်ငံခြားသားခရီးသည်တွေပါ စီးနင်းနိုင်ဖို့ စီမံထားလို့ ယာဉ်လိုင်း စတင်ပြေးဆွဲတဲ့အချိန်မှာ ကားအစီးရေ ၃၀ လောက်နဲ့ပဲ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က