Local News: အပစ်ရပ်ထားတဲ့ ALP အရာရှိသုံးဦးကို AK-47 သေနတ် ၁၉ လက်နဲ့ ဘားအံမြို့မှာ ဖမ်းဆီးရမိ

မူးယစ်ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးတုန်း ဖမ်းမိခဲ့တာဖြစ်ပါတယ်။

play

 

အစိုးရနဲ့ အပစ်အခတ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) က ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအ၀င် သုံးဦးကို AK-47 သေနတ် ၁၉ လက်နဲ့အတူ ကရင်ပြည် နယ်ဘားအံမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဘားအံမြို့မရဲစခန်းကနေ သိရပါတယ်။

ကရင်ပြည်နယ် ဘားအံ-လှိုင်းဘွဲ့ကားလမ်းပိုင်း တောင်ကလေးကျေးရွာနားမှာ ဒီဇင်ဘာ ၉ ရက် မနက် ၁၀ နာရီလောက်က ကားတစ်စီးကို မူးယစ်ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးတုန်းမှာ အခုလိုဖမ်းမိခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဘားအံမြို့မရဲ စခန်းတာဝန်ကျ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ရဲတပ်ဖွဲ့စစ်ဆေးချက်အရ ဖမ်းမိခဲ့သူ အမျိုးသားသုံးဦးထဲက ခိုင်မိုးချမ်းဆိုသူက ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)က ဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ပြီး ခိုင်သိန်းဦးဆိုသူက ALP ရဲ့စီးပွား ရေးတာဝန်ခံဖြစ်ဖြစ်တယ်လို့သိရပြီး  သူတို့နဲ့အတူ AK-47(မော် ဒယ်သုံးမျိုး) သေနတ် ၁၉ လက်၊ ကျည်အတောင့် သုံးရာ၊ ဆက်သွယ်ရေးစက်တချို့၊ ALP စိစစ် ရေးကတ်မူရင်းတစ်ကတ်၊ ကျပ် ငွေသိန်းခြောက်ဆယ်တို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

play

 

ALP လက်နက်ကိုင်အဖွဲ့က တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အိန္ဒိယ - မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဗဟိုဌာနချုပ်တည်ရှိတာဖြစ်ပါတယ်။

NCA စာချုပ်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် သွားလာခွင့်နဲ့ပတ်သတ်ပြီး လုံခြုံရေးအရ ကန့်သတ်ထားတဲ့ နေရာတွေကလွဲရင် မည်သည့်နေရာ ကိုမဆို လက်နက်မကိုင်ဘဲ သွားလာခွင့်ပြုဖို့နဲ့ တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ လက်နက်နဲ့သွားလာဖို့ လိုအပ်လာရင် နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်နဲ့ သွားလာဖို့ သဘောတူညီထားတယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ