Local News: ရွှေတိဂုံစေတီတော် လုံခြုံရေးအတွက် ဒေါ်လာ နှစ်သောင်းခွဲတန် Anti-Drone တစ်စင်း ဝယ်ယူ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရ ရွှေတိဂုံစေတီ ဂေါပကအဖွဲ့က ဝယ်ယူခဲ့တာပါ။

play
ရွှေတိဂုံစေတီတော်အနီးတွင် Anti-Drone လွှတ်နေသူတစ်ဦး။

 

ရွှေတိဂုံစေတီတော်လုံခြုံရေးအတွက် စောင့်ကြည့်စစ်ဆေးရာမှာ အထောက်အကူဖြစ်စေဖို့ ဒေါ်လာနှစ်သောင်းခွဲတန် Anti - Drone တစ်စင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်အရ ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ကဝယ်ယူပြီး စမ်းသပ်မောင်းနှင်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ကင်မရာ အလုံးရေ တပ်ဆင်ထားမှုနဲ့ ကနဦး သရုပ်ပြ မောင်းနှင်စမ်းသပ်ချက်အရ အရည်အသွေးကောင်း Drone အမျိုးအစားတစ်ခုပါပဲ၊ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့က ရဲတပ်ဖွဲ့ ညွှန်ကြားမှုနဲ့ ဘုရားကြီးရဲ့ လုံခြုံရေးအပိုင်းမှာအသုံးပြုဖို့ ဝယ်ယူခဲ့တာပါ”လို့ အမှတ် (၂) လုံခြုံရေးကွပ်ကဲမှု ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မြဝင်းက ပြောပါတယ်။

play

 

အော်ဒီယမ် - 7 အမည်ရှိ Anti – Drone ကို စင်ကာပူနိုင်ငံက မှာယူခဲ့တာဖြစ်ပြီး အစ္စရေးနည်းပညာနဲ့ထုတ်လုပ်ထားကာ ပုံရိပ်ဖမ်းမှု အားကောင်းတဲ့ ကင်မရာတွေ တပ်ဆင်ထားလို့ ရွှေတိဂုံဘုရားပရဝဏ်အတွင်း Drone တွေ လွှတ်တင်ထားရှိကာ အမြဲစောင့်ကြည့် စစ်ဆေးနိုင်တော့မယ်လို့ သိရပါတယ်။

ရွှေတိဂုံဘုရားပတ်ဝန်းကျင်မှာ ဒီနှစ်အတွင်း Drone လာရောက်လွှတ်တင် အသုံးပြုတဲ့သူတွေကို ဘုရားလုံခြုံရေးအတွက် ဂေါပကအဖွဲ့ကနေ ခေါ်ယူသတိပေးကာ သိမ်းဆည်းမှုရှိခဲ့ပြီး  Drone နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ရွှေတိဂုံဘုရား ဂေါပကအဖွဲ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Source : The Voice

Photos : The Straits Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ