play

 

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ARSA အစွန်း​ရောက်​အကြမ်းဖက်အဖွဲ့ကို facebook အသုံးပြုခွင့် ပိတ်ပင်တားမြစ်လိုက်ပြီလို့ သိရပါတယ်။

ARSA(Arakan Rohingya Salvation Army)လို့ နာမည်တပ်ခေါ်ဝေါ်ကြတဲ့အဖွဲ့ကို အန္တရာယ်ရှိတဲ့ အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် facebook မှ တရားဝင်သတ်မှတ်လိုက်ပြီး ထိုအဖွဲ့က လူမှုကွန်ရက်ကိုအသုံးပြုကာ အမုန်းစကားတွေဖြန့်ချိဖို့နဲ့ အပြစ်မဲ့သူတွေကို သတ်ဖြတ်ဖို့၊ ပြစ်မှုတွေကျူးလွန်ုဖို့ စီစဉ်ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်လို့ အဆိုပါအဖွဲ့ကို facebook လူမှုကွန်ရက် အသုံးပြုခွင့်ပိတ်ပင်တားမြစ်လိုက်ကြောင်း facbook  တာဝန်ရှိသူတွေက အတည်ပြုပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

play

 

facebook ရဲ့ အဖွဲ့အစည်း စံသတ်မှတ်ချက်စည်းမျဉ်း (Community Standard)အရ အဆိုပါအဖွဲ့အစည်းကို ထောက်ခံတာတွေ၊ အားပေးအားမြှောက် ပြုလုပ်ခြင်းပြုတဲ့ စာသား၊ ဓာတ်ပုံ၊ ရုပ်သေ၊ ရုပ်ရှင်ဖိုင်တွေကိုပါ တားမြစ်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

facebook အသုံးပြုသူတွေအနေနဲ့ ဒီလို စာသား၊ ဓာတ်ပုံ၊ ရုပ်သေ၊ ရုပ်ရှင် ဖိုင်တွေတင်လာရင်လည်း ဖျက်ပစ်ဖို့ Moderator တွေကို အမိန့်ထုတ်ပြန်ထားပါတယ်။

Source : Popular News

Photos : dailymail,facebook

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video