play

 

ဘူးသီးတောင်၊ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ ARSA အကြမ်းဖက်အဖွဲ့က တစ်လခန့် အပစ်ရပ်မယ်လို့ စက်တင်ဘာလ ၉ ရက်နေ့က Twitter ကနေတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါပေမဲ့ တပ်မတော်အနေနဲ့ ယင်းအကြမ်းဖက်အဖွဲ့ကို အပြီးတိုင်ရှင်းလင်းရေး ဆက်လုပ်သွားမယ်လို့ အမှတ်(၁) နယ်ခြားစောင့်ရဲ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က The Voice သတင်းဌာနကို ပြောပါတယ်။

 

“နယ်မြေရှင်းလင်းရေးတွေက ဆက်လက်လုပ်ဆောင်မှာပါ။ သူတို့က အကြမ်းဖက်အဖွဲ့ဖြစ်တယ်။ အကြမ်းဖက်အဖွဲ့တွေကို ဆက်လက် ရှင်းလင်းနေတယ်။ သူတို့အဖွဲ့ကိုလည်း အပြီးတိုင်ရှင်းလင်းသွားမှာ ဖြစ်တယ်” လို့ ရဲမှူးချုပ်သူရစန်းလွင်က ပြောပါတယ်။

play

 

လက်ရှိဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမားတွေကို စစ်ဆေးရာမှာ အကြမ်းဖက်သမားတွေက ကျေးရွာတွေထဲမှာ နေထိုင်သူတွေ ဖြစ်တာကိုတွေ့ရတယ်လို့ ရဲမှူးချုပ်သူရစန်းလွင်က ပြောပါတယ်။

ARSA အစွန်းရောက်အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သြဂုတ်လ ၂၅ ရက်ကနေ ၃၁ ရက်အထိ ထိတွေ့တိုက်ပွဲ အကြိမ် ၉၀ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က စစ်သည် ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦး အသက်စွန့်လွှတ်ခဲ့ရကာ တပ်မတော်မှ စစ်သည် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သည် ၁ ဦး ပျောက်ဆုံးနေတယ်လို့ အစိုးရ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Source : The Voice

Photos : AFP

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video