AD
AD
AD

စက်တင်ဘာလ ၈ ရက်နေ့ ကနေ ၁၀ ရက်နေ့ အထိ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ASEAN Makerthon 2017 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT) မှ ကျောင်းသားနှစ်ဦးမှ ရရှိသွားခဲ့ပါတယ်။

play
ဆုရသွားတဲ့ ပြိုင်ပွဲဝင်များ

 

ASEAN Makerthon 2017 ပြိုင်ပွဲဟာ လာမယ့် ၂၀၂၀ Asean ICT masterplan ဆိုင်ရာ ရည်မှန်းချက် ပြည့်မီရေးနဲ့ အာဆီယံနိုင်ငံများအကြား Iot (Internet of Things) Network ခိုင်မာလာရေးအတွက် ရည်ရွယ်ပြီးကျင်းပလိုက်တာပါ။ မလေးရှားဆက်သွယ်ရေး နဲ့ မာလ်တီမီဒီယာအဖွဲ့ အစည်း (MCMC) ရုံးချုပ်မှာ ရှိတဲ့ myMaker loT Lab မှာ ၃ ရက်တာ ကျင်းပသွားတဲ့ ဒီပွဲဟာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး champion ဆုအပါအဝင် 1st Runner Up ၊ 2nd Runner Up ဆိုပြီး ဆုသုံးမျိုး ပေးခဲ့တာ ဖြစ်ပါတယ်။

play
champion ဆုရသွားတဲ့ တရုတ်ကျောင်းသားအဖွဲ့ 

 

ဆုကြေးအနေနဲ့ champion ဆုအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀ ၊ 1st Runner Up အတွက် ဒေါ်လာ ၈၀၀ နဲ့ 2nd Runner Up ကို ဒေါ်လာ ၅၀၀ ပေးအပ်ချီးမြှင့်ခဲ့တာပါ။ ဒီပွဲမှာ champion ဆုအဖြစ် တရုတ်နိုင်ငံ Harbin Institute of Technology မှ ကျောင်းသားအဖွဲ့ က ရရှိသွားပြီး 1st Runner Up ဆုကို မြန်မာနိုင်ငံ UIT ကျောင်းသားများ ဖြစ်တဲ့ မင်းခန့် လင်း နဲ့ ပြည့်ဖြိုးပိုင်တို့ မှ ရရှိခဲ့ပါတယ်။ အိမ်ရှင်မလေးရှားပြိုင်ပွဲဝင် AgentC အသင်းသားများကတော့ စမတ်စိုက်ပျိုးရေးနည်းပညာ prototype နဲ့ တတိယဆုရရှိသွားခဲ့ပါတယ်။

 

စမတ်မြို့ တော်များ ၊ နည်းပညာမြင့် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စိုက်ပျိုးရေး အိုင်ဒီယာများ ချပြခဲ့တဲ့ ဒီပွဲနဲ့ ပတ်သတ်ပြီး MCMC ရဲ့ ဒစ်ဂျစ်တယ် လူမှုဘဝနဲ့ လူ့ အဖွဲ့ အစည်းဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်တေးကတော့ "ဒီပွဲမှာ တွေ့ လိုက်ရတဲ့ အိုင်ဒီယာတွေကြောင့် ကျွန်တော်အတော်လေး အံ့အားသင့်ရပါတယ်။ တစ်ချို့ စိတ်ကူးတွေနဲ့ နမူနာပုံစံငယ်တွေဆိုရင် ဈေးကွက်မှာ သုံးနိုင်ရင် တကယ့် အလားအလာကောင်းတွေ ရှိထားကြပါတယ်။ ဒီလို Makerthon ပွဲတွေ နှစ်စဉ်ပွဲတစ်ပွဲအနေနဲ့ လည်း ကျင်းပနိုင်စေဖို့ မျှော်လင့်ပါတယ်။" လို့ ဆိုခဲ့ပါတယ်။

play

 

အာဆီယံအဖွဲ့ ဝင် နိုင်ငံဆယ်နိုင်ငံမှ အနည်းဆုံး ပြိုင်ပွဲဝင် ၂ ယောက်ကနေ ၃ ယောက်အထိ ယှဉ်ပြိုင်ခွင့် ပေးခဲ့တဲ့ ဒီပွဲမှာ တရုတ်နဲ့ တောင်ကိုရီးယားမှ ASEAN တယ်လီကွန်းဆက်သွယ်ရေးနည်းပညာပညာ အကြီးတန်းအရာရှိများ (TELSOM) လည်း Dialogue partners များအနေနဲ့ တက်ရောက်ခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD