play

 

ဘဏ်ချင်းမတူတဲ့ ATM စက်တွေမှာ ငွေသားထုတ်ယူရင် လက်ရှိကောက်ခံနေတဲ့ ဝန်ဆောင်ခ ကျပ်တစ်သိန်းကို ကျပ် ၂၀၀ အစား ကျပ် ၅၀၀ တိုးမြှင့်ကောက်ခံတာကို ၂၀၁၈ ဇန်နဝါရီ ၁ ရက်မှာ ပြောင်းလဲ သတ်မှတ်တော့မယ်လို့ သိရပါတယ်။

လက်ရှိသုံးဆွဲနေတဲ့ MPU ကတ်တွေက ဘဏ်မတူတဲ့ ATM စက်တွေမှာ ထုတ်ယူရင် ငွေလွှဲပြောင်းခနှုန်းထားကို အရင် ဝ ဒသမ ၂ ရာခိုင်နှုန်းအစား ဝ ဒသမ ၅ ရာခိုင်နှုန်းကို ပြောင်းလဲကောက်ခံမယ်လို့ MPU (Myanmar Payment Union) က နိုဝင်ဘာ ၂၇ ရက်မှာ ထုတ် ပြန်ကြေညာခဲ့ပါတယ်။

play

 

ဒီလိုပြောင်းလဲခဲ့တာက MPU အဖွဲ့ဝင်ဘဏ်တွေရဲ့ သဘောတူဆုံးဖြတ်ချက်အရဖြစ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

 

MPU က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကြိုတင်ငွေပေးကတ် (Debit Card) သုံးသန်းခွဲနဲ့ အ ကြွေးဝယ်ကတ် (Credit Card) ခြောက်သောင်းကျော်သုံးစွဲနေတယ်လို့ သိရပါတယ်။ MPU က ပြည်တွင်းဘဏ် ၂၃ ဘဏ်ခုနဲ့ ချိတ်ဆက်ထားတဲ့ ငွေပေးချေမှု၊ ငွေထုတ်ယူမှုစနစ် ဖြစ်ပါတယ်။

Source : 7DayDaily

Photos : MMTimes

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video