လူငယ် ၅ ယောက်ကို ဖမ်းမိခဲ့တာပါ။

နေပြည်တော်မှာ ATM စက်ကိုဖျက်စီးပြီး ငွေခိုးယူဖို့ ပြုလုပ်တဲ့ လူငယ် ၅ ယောက်ကို အမှတ် ၃ နယ်မြေရဲစခန်းက ၂၄ နာရီအတွင်း ဖမ်းမိလိုက်ပါတယ်။

37824096_2509606885731577_182314923559223296_n (1).jpg 

ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၅ နာရီလောက်က ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် သီရိမြိုင်လမ်းမကြီးဘေး အ.ထ.က(၇)ဝင်း အတွင်းထားရှိတဲ့  KBZ ဘဏ်ပိုင် ATM ငွေထုတ်စက် မော်နီတာ၊ တံခါး၊ CCTV များ ဖျက်ဆီးခံရလို့ အမှတ်-၆ ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တွေက လိုက်လံစုံစမ်းခဲ့ပါတယ်။

အဲ့ဒီနောက်ဓနသိဒ္ဓိရပ်ကွက်အတွင်း၌ မသင်္ကာဖွယ်တွေ့ရှိတဲ့ အသက် ၁၅ နှစ်အရွယ် ညီညီလွင် နဲ့ အခြားသူ ၄ ယောက်ကို အမှတ်-၃နယ်မြေရဲစခန်းကို ခေါ်ဆောင်စစ်ဆေးခဲ့ရာမှာ ATM ငွေထုတ်စက်ကို ဖျက်ဆီးပြီး ငွေတွေခိုးယူဖို့ ကြိုးစားခဲ့တယ်လို့ သူတို့ ရဲ့ ဝန်ခံချက်အရသိရပါတယ်။

ဒါကြောင့် ညီညီလွင် အပါအဝင် ၅ ဦးကို  အမှတ်-၃နယ်မြေရဲစခန်း (ပ) ၁၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၁၁ (ခိုးမှုကျူးလွန်ရန် ကြံစည်မှု)နဲ့ အမှုဖွင့် စစ်ဆေးလျက်ရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Share

Loading Next Article...
က္က