မြန်မာပရိတ်သတ်တွေကြားမှာ G-6 သီချင်းနဲ့ လူကြိုက်များခဲ့တဲ့ Far East Movement က လာမယ့် စက်တင်ဘာ ၂၃ ရက်နေ့ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲမှာ DJ MAG Top 100 DJs စာရင်းဝင် ဒီဂျေတွေဖြစ်တဲ့ Axwell & Ingrosso ၊ Oliver Heldens ၊ Ummet Ozcan ၊ Far East Movement ၊ Thaitanium တို့ရဲ့ဖျော်ဖြေမှုနဲ့အတူ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် သုဝဏ္ဏမိုးလုံလေလုံကွင်းထဲမှာ Indoor အနေနဲ့ ပြုလုပ်သွားမှာပါ။

ဒီပွဲမှာ လာနွဲကြမယ့် အဖွဲ့တွေအကြောင်း အရင်ဆုံး လေ့လာကြည့်ရအောင်။

play

 

 

Axwell & Ingrosso

ဒီဂျေနှစ်ယောက်ကတော့ ဆွီဒင်ရဲ့ နာမည်ကြီး DJ/Producer အကျော်အမော်နှစ်ဦးဖြစ်ပြီးတော့ အရင်တုန်းကတော့ အဖွဲ့ဝင်တစ်ဦးနဲ့အတူ Swedish House Mafia ကတော့ ကမ္ဘာကျော် dance hits တွေ ဖန်တီးခဲ့တဲ့ EDM ရဲ့ Legendary တွေပါ။ သူတို့ရဲ့ Monsoon Madness Festival ကတော့ မြန်မာနိုင်ငံကို ပထမဆုံး လာဖျော်ဖြေမှာလည်း ဖြစ်ပါတယ်။

play

 

Oliver Heldens

သူကတော့လက်ရှိ DJ MAG Top 100 DJs မှာ နံပါတ်ရှစ် နေရာမှာရှိနေပါတယ်။ ဒတ်ခ်ျလူမျိုး အနုပညာရှင်ဖြစ်ပြီးတော့ ပုံမှန်ကြားနေကျ ဖြစ်တဲ့ Mainstream Music တွေကနေ ကွဲထွက်တဲ့ သူ့ရဲ့ Funky House ပုံစံမျိုးကို ဒီပွဲမှာ ခံစားရမှာပါ။

play

 

Ummet Ozcan Ummet Ozcan 

သူကတော့ တူရကီဒီဂျေ ဖြစ်ပြီးတော့ သူ့ရဲ့ အရမ်းမိုက်တဲ့ The Hum ကလည်း နာမည်ကြီးသီချင်းတစ်ပုဒ်ပါပဲ။ ထူးခြားတာက သူက Music Producer သာမကဘဲ Sound track ဒီဇိုင်းတွေပါရေးဆွဲတဲ့ sound designer တစ်ဦးလည်းဖြစ်ပါတယ်။

play

 

Far East Movement

ဒီအဖွဲ့ကတော့ အမေရိကန်အခြေစိုက် အမေရိကန် Hip-Hop နဲ့ edm အဖွဲ့ဖြစ်ပါတယ်။ လက်ရှိ အဖွဲ့ဝင် ၃ယောက်နဲ့ ဖွဲ့စည်းထားတဲ့ FEM ရဲ့ Like a G6 ကတော့ ကမ္ဘာတစ်ဝှမ်းမှာ နံပါတ်တစ်စာရင်းဝင်ခဲ့ပါတယ်။ လတ်တလောမှာတော့ Pine Record Labe ဖြစ်တဲ့ Transparent Music ကိုတည်ထောင်ထားပြီးတော့ အရှေ့တိုင်း Music နဲ့ western dance style ကိုပေါင်းစပ်ဖန်တီးဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

play

 

Thaitanium

ထိုင်းအခြေစိုက် ထိုင်း-အမေရိကန် hip-hop အဖွဲ့ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှမှာ အအောင်မြင်ဆုံး Hip-hop အဖွဲ့လို့လည်း ပြောလို့ရပါတယ်။ Monsoon Madness ပွဲကိုတော သူတို့အဖွဲ့ဝင် ငါးယောက်လုံးလာမယ်လို့ ပြောပါတယ်။

သူတို့အဖွဲ့ထဲမှာ ဗမာနွယ်ဖွား တစ်ဦးပါဝင်ပြီးတော့ နာမည်ကတော့ နေမျိုးဒေးသန့် ဖြစ်ပါတယ်။ ပွဲကတခြား EDM ပွဲတွေလိုမဟုတ်ဘဲ ဖက်ရှင်ရှိုးနဲ့ပါ ပါဝင်ဖျော်ဖြေသွားမှာလည်း ဖြစ်လို့ ဂီတသီးသန့်ကို ခံစားရတာမဟုတ်ဘဲနဲ့ ဖက်ရှင်အလှတွေကိုပါ ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video