AD
AD
AD
play

 

ပြည်တွင်းမှာ တတိယမြောက် အငှားယာဉ်လုပ်ငန်းဖြစ်လာမယ့် Billion အငှားယာဉ်ဝန် ဆောင်မှုကို လာမယ့် ဇွန်လတတိယပတ်မှာ စတင်သွားမယ်လို့  Billion အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဦးဟိန်းသူရက 7Day သတင်းစာကို ပြောကြားချက်အရ သိရပါတယ်။

Billion အငှားယာဉ်ဝန်ဆောင်မှု အသုံးပြုမယ့်ခရီးသည်တွေအနေနဲ့ မိုဘိုင်းဖုန်းမှာ Billion  အက်ပလီကေးရှင်း ထည့်သွင်း ထားရမည်ဖြစ်ပြီး အဆိုပါ အက်ပလီကေးရှင်းမှ တစ်ဆင့်ချိတ်ဆက်ကာ ယာဉ်ကိုငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။

Billion အက်ပလီကေးရှင်း အသုံးပြုတဲ့ ယာဉ်မောင်းတွေကို ၀န်ဆောင်ခအဖြစ်  ခရီးစဉ်ကျသင့်ငွေထဲမှ  ငါးရာခိုင်နှုန်း ကောက်ခံမှာဖြစ်ပြီး အက်ပလီကေးရှင်း စတင်အသုံးပြုနိုင်ဖို့ ယာဉ်မောင်းတွေရဲ့ Driver Wallet  ထဲသို့ ကျပ် ၃,၀၀၀ ထည့်သွင်းပေးထားမယ်လို့ ဦးဟိန်းသူရက ပြောပါတယ်။

play

 

Billion ဆော့ဖ်ဝဲကို ပြည်ပနည်းပညာ အကူအညီဖြင့်ရေးဆွဲထားပြီး ခရီးသည်နဲ့ ယာဉ်မောင်းတွေ အသုံးပြုရာမှာ လွယ်ကူစေဖို့ မြေပုံစနစ်တွေကို  အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကို Grab၊ Hellocab နဲ့ Oway တို့က ဆောင်ရွက်နေပြီး လက်ရှိအချိန်မှာ Billion အငှားယာဉ် ၀န်ဆောင်မှု အက်ပလီကေးရှင်းကို အသုံးပြုဖို့ စာရင်းပေးသွင်းထားတဲ့ ယာဉ်မောင်း ၆,၀၀၀ ခန့်ရှိပြီး မှတ်ပုံတင် (Register) လုပ်ပြီးတဲ့ ယာဉ်မောင်း ၉၀၀ ခန့်ရှိနေပြီလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD