AD
AD
AD
play

 

လှိုင်သာယာမြို့နယ်က ဧက ၃၀၀ ကျော်ရှိတဲ့ ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းနေမှုကို ငြိမ်းသတ်ဖို့ Bio Foam မိးသတ်ဆေးရည်ဂါလံ ၅၀၀၀ ၀ယ်ယူနိုင်ဖို့အတွက် ကမ္ဘောဇအနာဂါတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက ဧပြီ ၂၇ ရက်နေ့က ရန်ကုန်တိုငးဒေသကြီးအစိုးရအဖွဲ့ကို ကျပ်သိန်း ၃၄၀၀ လှုဒါန်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက အဆိုပါ အမှိုက်ပုံမီးလောင်မှုကိုငြှိမ်းသတ်ဖို့ ထိုင်းနိုင်ငံမှာ Bio Foam ၁၈၀၀ ဂါလံ မှာယူငြှိမ်းသတ်လျက်ရှိပြီး အဆိုပါပမာဏက လုံလောက်မှုမရှိတာလို့ ထပ်မံမှာယူဖို့ စီစဉ်နေတုန်းမှာ ကမ္ဘောဇအနာဂါတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းက အခုလိုလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

“ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက လှူဒါန်းမယ်လို့ သိရတဲ့အချိန်မှာ လှိုင်သာယာမှာရှိတဲ့ ပြည်သူတွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုကို ပိုပြီးပြည့်ပြည့်စုံစုံနဲ့ ကူညီပေးနိုင်ဖို့ အလှူရှင်တွေ ရှိနေတယ်ဆိုတာ ပြည်သူတွေကို အသိပေးခဲ့တာဖြစ်ပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အလှူငွေလက်ခံပွဲမှာ ပြောခဲ့ပါတယ်။

play

 

အဆိုပါလှူဒါန်းမှုကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း ညီနောင်မိတ်ဖက်ကုမ္ပဏီတွေဖြစ်တဲ့ ကမ္ဘောဇဘဏ်လီမိတက်၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း (IKBZ Insurance)၊ Jasmine Palace Hotel၊ အဏ္ဏဝါအောင်ဆောက်လုပ်ရေး၊ မြန်မာစည်းလုံးဆောက်လုပ်ရေး၊ Strong Source Group of Co.,Ltd. နဲ့  Famous Group တို့အတူ ပူးပေါင်းပြီး အလျင်အမြန်လိုအပ်နေတဲ့ Class A အမျိုးအစား Bio Foam မီးသတ်ဆေးရည် ဂါလံ (၅၀၀၀) ဝယ်ယူဖို့ လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။

ဧပြီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက စတင်လောင်ကြွမ်းခဲ့တဲ့ ထိန်ပင်အမှိုက်ပုံမီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အမှိုက်ပုံမီးကို မီးငြှိမ်းသတ်ယာဉ် ၁၆ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၄ စီး၊ မီးသတ်အထောက် အကူပြုယာဉ် ခြောက်စီး၊ အုပ်ချုပ်မှုယာဉ် ခြောက်စီး၊ မီးသတ်စက်ယာဉ် တစ်စီး၊ မိတ်ဖက်ယာဉ် လေးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၁၃ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၁ ဦးတို့နဲ့ မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ဒေသခံတပ်ရင်းက တပ်မတော်သားတွေလည်း လာရောက်ကူညီငြှိမ်းသတ်ပေးနေတာ ဖြစ်ပါတယ်။

Photos : KBZ Bank

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD