AD
AD
AD
play

 

အီတလီဓါတ်ပုံဆရာမရဲ့ သင်ကြားမှုနဲ့ ရန်ကုန်က လူသိများတဲ့နေရာတွေနဲ့ အလွယ်တကူမမြင်တွေ့နိုင်တဲ့နေရာတွေကို အကြားအာရုံချို့တဲ့နေတဲ့ ကလေးရှစ်ယောက်ရိုက်ကူးထားတဲ့ Silent Yangon ဆိုတဲ့ ဓာတ်ပုံစာအုပ်ကို ထုတ်ဝေသွားမယ်လို့ သိရပါတယ်။

မေရီချက်မင်း ဆွံ့အနားမကြား ကလေးငယ်ကျောင်းက အသက် ၁၂ နှစ်ကနေ ၁၅ နှစ်ကြားမှာရှိတဲ့ ကလေးတွေက တစ်ပါတ်အတွင်း ရိုက်ကူးထားခဲ့တာဖြစ်ပြီးတော့ ဓါတ်ပုံတွေထဲကနေ ပြပွဲပါလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

play

 

“အကြားအာရုံချို့တဲ့ ကလေးငယ်တွေရဲ့မျက်လုံးတွေကတစ်ဆင့် ရန်ကုန်မြို့ကို မြင်တွေ့နိုင်မည့်စာအုပ်ကို ဒီနှစ်နောက်ပိုင်းမှာ ပုံနှိပ် ထုတ်ဝေသွားမှာပါ။ ရုပ်ရှင်ကိုလည်း အဓိကနှိင်ငံတကာ ပွဲတော်တွေမှာ ပြသသွားမှာဖြစ်ပြီး ကျွန်မတို့ရဲ့ "Sound of Images" စီမံကိန်းအနေနဲ့လည်း ဒီအပတ်အတွင်း ကလေးတွေရိုက်ယူထားတဲ့ ထောင်ပေါင်းများစွာရှိတဲ့ ပုံတွေထဲကမှ ရွေးချယ်ပြီး ဓာတ်ပုံပြပွဲ လုပ်သွားမည့်အစီအစဉ်လည်း ရှိပါတယ်"လို့ Link for Aid ရဲ့ တည်ထောင်သူ Pamela McCourt Francescone ကပြောခဲ့ပါတယ်။

အဆိုပါ ဓာတ်ပုံတွေကို စမတ်ဖုန်းတွေနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး ဖုန်းအသုံးပြုနည်း သင်တန်းကို ရက်တိုပို့ချပေးခဲ့ကာ နည်းပညာပိုင်းတွေ Samsung Myanmar က ပံပိုးပေးခဲ့တယ်လို့ သိရပါတယ်။

Link for Aid ကို Irish ခရီးသွား သတင်းထောက် Pamela McCourt Francescone က တည်ထောင်ခဲ့ပြီး မြန်မာနဲ့ ကမ္ဘောဒီးယားမှာရှိတဲ့ ချို့တဲ့နွမ်းပါး၊ နားမကြား၊ မိဘမဲ့ကလေးတွေကို ထောက်ပံ့ကူညီပေးနေတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD