သုံးရက်ကြာအခမဲ့ဝင်ခွင့်နဲ့ကျင်းပနေတာပါ။

မြန်မာနိုင်ငံနဲ့ နယ်သာလန်နိုင်ငံနျစ် ၇၀ ပြည့်သံတမန်အထိမ်းအမှတ်အဖြစ်ကျင်းပတဲ့ Bloemencorso ပန်းပွဲတော်ကို အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိရန်ကုန်မြို့ ကပြည်သူ့ရင်ပြင်မှာ ကျင်းပနေတာဖြစ်ပါတယ်။



 

နယ်သာလန်-မြန်မာ ပူးပေါင်းကျင်းပတဲ့ဒီပွဲတော်က ပထမဆုံးအကြိမ်အနေနဲ့ကျင်းပတာဖြစ်ပြီးတော့ နယ်သာလန်က ပန်းပညာရှင်၊စိုက်ပျိုးရေးပညာရှင်တွေက နည်းပညာထောက်ပံ့ကူညီမှုတွေနဲ့ ပြုလုပ်တာလည်းဖြစ်ပါတယ်။

" ဒီပွဲအတွက်ပြင်ဆင်တာကတော့ ခြောက်လလောက်ရှိနေပါပြီ။ဒီကားတွေကတော့ သုံးလေးရက်လောက်ကြာပါပြီ။ပြင်ဆင်ထားတာက။ ဒီပန်းပွဲတော်ကျင်းပခြင်းအားဖြင့် ပန်းတွေရဲ့အလှအပကို ခံစားနိုင်သလို မြန်မာနိုင်ငံက ပန်းစိုက်တောင်သူတွေအတွက်လည်း နည်းပညာအားဖြင့်ငွေကြေးအားဖြင့် အထောက်အပံ့ဖြစ်စေနိုင်အောင် ရည်ရွယ်တာလည်းဖြစ်ပါတယ်။ " လို့ နယ်သာလန်သရုံးရဲ့ Agricultrual Counsellor ဖြစ်တဲ့ Frederik Heijink က ပြောပါတယ်။

 

ဒီပွဲမှာ ပန်းတွေကို အရုပ်တွေအပေါ်မှာ အနုပညာမြောက်အောင်အလှဆင်ထားတာဖြစ်ပြီးတော့ ပန်းအရုပ်တွေကို ကားတွေပေါ်စီတန်းလှည့်လည်ပြီးတော့ ပွဲတော်အဖြစ်ပြသတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ အရုပ်ပေါင်း ၁၅ ရုပ်ကျော်နဲ့ ပြင်ဆင်ထားတာဖြစ်ပါတယ်။အာရှတိုက်အနေနဲ့ ဒီပွဲတော်ကျင်းပတာက မြန်မာနိုင်ငံက တတိယမြောက်နိုင်ငံလည်းဖြစ်ပါတယ် ။

 

ဒါ့အပြင် ပွဲတော်ကျင်းပနေတဲ့ရက်အတွင်းမှာလည်း ရုပ်သေးပွဲ၊ orchestra အစီအစဉ်တွေကိုပါ ထည့်သွင်းတင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က