မြန်မာနိုင်ငံမှာ အင်တာနက် Broadband စနစ်ပိုမိုဖွံ့ဖြိုးဖို့ အခြေခံအချက်အချို့လိုအပ်နေသေးတယ်လို့ Huawei Carrier Network Business Group ရဲ့ Vice President ဖြစ်သူ Mr Zhou Jianjun က ဆိုပါတယ်။

 

ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ Emerging Market Summit မှာ အင်တာနက်ဂျာနယ်ရဲ့မေးမြန်းမှုကို ဖြေကြားခဲ့တာဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှု၊ အစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုနဲ့ အခွန်စနစ်တွေ စတဲ့အချက်တွေလိုအပ်မှာဖြစ်တယ်လို့သူကဆိုပါတယ်။

“ပြည်တွင်း Broadband စနစ်ပိုမိုဖွံ့ဖြိုးဖို့အခြေ ခံအဆောက်အဦတွေကတော့အဓိကလိုအပ်ပါတယ်၊ အဲဒီအတွက် ရင်းနှီးမြုပ်နှံမှု၊ အစိုးရနဲ့ပုဂ္ဂလိကက ဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေကအရမ်းအရေးကြီးပါတယ်၊ အဲဒါတွေမပြည့်စုံဘူးဆိုရင်နည်းပညာကို အကောင်အထည်ဖော်လို့မရဘူး” လို့ဆိုပါတယ်။

play
photo: Kyi Min Nyo /Facebook

 

လက်ရှိ ပြည်တွင်းဈေးကွက်မှာ 3G နဲ့ 4G လည်း တွင်ကျယ်လာတာေ တွ့ရကြောင်း၊ မြန်မာဈေးကွက် ဟာ အခြားဈေးကွက်နဲ့ယှဉ်ရင် လျင်မြန်တိုးတက်မှုအရှိန်မြင့်ကြောင်းသူကပြောပါတယ်။ “ဘယ်ဈေး ကွက်မှာမဆိုနည်းပညာကလိုအပ်ပါတယ်၊ Business Model လည်းလိုအပ်ပါတယ်” လို့သူကဆက် လက်ပြောကြားပါတယ်။

အင်တာနက် အသုံးပြုမှုများလာတာနဲ့အမျှ ဒီဂျစ်တယ်ဝန်ဆောင်မှုတွေ data consumption တွေလိုအပ်လာမှာဖြစ်ပြီး ဒီနေ့ခေတ်မှာ အွန်လိုင်းဈေးဝယ်မှုတွေ ၊ အွန်လိုင်း ဖျော်ဖြေရေးတွေ ၊ အွန်လိုင်းပညာရေးနဲ့ အွန်လိုင်းကနေ ကျန်းမာရေးဝန်ဆောင်မှုတွေလည်း တွင်ကျယ်လာတာကြောင့် ဒီဂျစ်တယ်စီးပွားရေးယှဉ်ပြိုင်မှုတွေ အရေးကြီးလာတယ်လို့ သူကဆိုပါတယ်။

Photos & Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video