Local News: ဒေါပုံ Capital Hypermarket မှာ ပေါက်ကွဲမှုဖြစ်

အသေးစားပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာပါ။

play

 

ဒေါပုံမြို့နယ်က Capital Hypermarket ဈေးဝယ်စင်တာမှာ ဒီနေ့ ညနေ ၆ နာရီလောက်က အသေးစားပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တယ်လို့သိရပြီး ပေါက်ကွဲမှုဖြစ်စဉ်ကို ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးနေတယ်လို့ ဒေါပုံမြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

play

 

ပေါက်ကွဲမှုဖြစ်စဉ်ကိုတော့ အသေးစိတ်မသိရသေးဘဲ လုံခြုံရေးတာဝန်ရှိသူတွေက Capital ရှော့ပင်းစင်တာကို ပိတ်ထားပြီး စင်တာရဲ့အပေါ်ထပ်နဲ့ အောက်ထပ်နှစ်နေရာစလုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ စင်တာနားကို ဘယ်သူ့ကိုမှကပ်ခွင့်မပေးဘဲ လူနာတင်ကားတွေလည်း ရောက်ရှိနေတယ်လို့ အဆိုပါနေရာကိုရောက်ရှိနေတဲ့သူ တစ်ဦးက ဆဲဗင်းဒေးသတင်းစာကို ပြောပါတယ်။

play

 

ပေါက်ကွဲမှုက ဈေးဝယ်စင်တာရဲ့ အပေါ်ထပ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လုံခြုံရေးဝန်ထမ်းတွေက အဆိုပါနေရာကို သွားရောက်နေတုန်း အောက်ထပ် KFC ကြက်ကြော်ဆိုင်နားမှာ ပေါက်ကွဲမှုထပ်ဖြစ်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေကပြောခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။

Source & Photos : 7DayDaily,Zwe Yan Naing's Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ