Local News: Capital Hypermarket မှာ ဖောက်ခွဲခဲ့သူတွေရဲ့စီစီတီဗွီပုံရိပ်ကို ရရှိထား

ပိုက်စိပ်တိုက်ပြီး ရှာနေတာဖြစ်တယ်။

play

 

Capital Hypermarket နဲ့ Ocean Supercenter စင်တာတို့မှာ  ဖောက်ခွဲမှု ပြုလုပ်ခဲ့သူတွေကို ရှာဖွေနေပြီး သူတို့ရဲ့ CCTV မှတ်တမ်းတွေကို ရရှိထားတယ်လို့ ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားလိုက်ပါတယ်။

ပိုက်စိပ်တိုက်ပြီးရှာနေတာဖြစ်ကာ  CCTV မှတ် တမ်းတွေလည်း ရထားတာကြောင့် အဲဒါကို ကြည့်ပြီး အသေးစိတ်စုံစမ်း ဖော်ထုတ်နေပါတယ်လို့  ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြည်တွင်းသတင်းစာကြီးတစ်စောင်ကို ပြောကြားထားတာ ဖြစ်ပါတယ်။

 CCTV မှတ်တမ်းမှာတော့ တရားခံရဲ့ ပုံရိပ်ကို ရထားပြီး အမြန်ဆုံးဖမ်းမိနိုင်ရေး ဆောင်ရွက်နေကာ  ကိုးမိုင်အိုးရှင်းဖြစ်စဉ်နဲ့အတူတူဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောထားကြောင်းလည်း သိရပါတယ်။ နိုဝင်ဘာ ၁၇ ရက် ညက မရမ်းကုန်းမြို့နယ် ပြည်လမ်းနဲ့ တော်ဝင်လမ်းထောင့်က Ocean Center မှာလည်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ