Local News: Capital Hypermarket အသေးစားပေါက်ကွဲမှု သံသယရှိသူတစ်ဦးဖမ်းမိ

ပေါက်ကွဲမှုဖြစ်စဉ်တွေက လေးဦးကို ဖမ်းမိထားတယ်လို့ ဆိုပါတယ်။

play

 

နိုဝင်ဘာလ ၂၀ ရက်နေ့က ဒေါပုံမြို့နယ်ရှိ Capital Hypermarket ဈေးဝယ်စင်တာမှာ အသေးစားဖောက်ခွဲမှု ပြုလုပ်ရာမှာပါဝင်တယ်ဆိုတဲ့ သံသယရှိသူတစ်ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖောက်ခွဲမှု သံသယတရားခံတစ်ဦးဖြစ်တဲ့  မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက်၊ ၁၂၂ လမ်းမှာ နေထိုင်တဲ့ ကျော်ကြီးဆိုသူကို ဖမ်းဆီးထားတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 ‘‘စစ်ဆေးမေးမြန်းဖို့ဆိုပြီး ခေါ်သွားတာပေါ့။ သူက Capital ဖောက်ခွဲမှုဖြစ်စဉ်မှာ စွပ်စွဲခံရသူကို ကားမောင်းလိုက်ပို့တာပေါ့။ CCTV မှာလည်း သူက နောက်ကနေ အထုပ်ကိုင်ထားတာပေါ်တယ်။ သူက ကားမောင်းသမားပါ’’လို့ ရေတွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနောင်သိန်းက ပြောပါတယ်။

နိုဝင်ဘာ ၂၅ ရက် ညနေက ရန်ကုန်မြို့အစိုးရရုံးအတွင်း အသေးစားပေါက်ကွဲမှု နှစ်ကြိမ်ဖြစ် ပွားပြီးနောက် သံသယရှိသူအမျိုး သားသုံးဦးကို ရန်ကုန်တိုင်းရဲတပ် ဖွဲ့က ဖမ်းဆီးထားပြီး ရန်ကုန်မြို့တွင် အသေးစားဖောက်ခွဲမှု ပြုလုပ်သူ စုစုပေါင်းလေးဦး ဖမ်းဆီးထားပြီး သံသယရှိတရားခံတွေက ဈေးဝယ်ကုန်တိုက်တွေအပါအ၀င် အစိုးရရုံးတွေကို အသေးစားဖောက်ခွဲမှုပြု လုပ်ခဲ့တယ်လို့  ၀န်ခံထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Source & Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ