Local News: Capital Hypermarket မှ ပေါက်ကွဲမှုဟာ M-150 အချိုရည်ပုလင်းတွေကို အသုံးပြုကာ ဖောက်ခွဲခြင်း ဖြစ်နိုင်

အထိတ်တလန့်ဖြစ်အောင် လုပ်တဲ့သဘောဖြစ်တယ်။

play

 

ဒေါပုံမြို့နယ် Capital Hypermarket ဈေးဝယ်စင်တာမှာ နိုဝင်ဘာ ၂၀ ရက် ညနေက မိနစ်ပိုင်းအတွင်း  အသေးစား ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 M-150 အချို ရည်ပုလင်းထဲကို  ဓာတ်ငွေ့အရည်ထည့်ကာ ဖောက်ခွဲမှုပြုလုပ်တာ ဖြစ်နိုင်ကြောင်း  မိုင်းရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောထားပြီး အထိတ်တလန့်ဖြစ်အောင် လုပ်တဲ့သဘောဖြစ်တယ်လို့  ရန်ကုန်တိုင်းနယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုပါတယ်။

play

 

ဈေးဝယ်စင်တာ အပေါ်ထပ်မှာ စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး လုံခြုံရေးဝန်ထမ်းတွေက အဆိုပါနေရာကို သွားရောက်နေစဉ်မှာ အောက်ထပ် KFC ဆိုင်အနီး ထပ်မံပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

 နိုဝင်ဘာ ၁၇ ရက် ညကလည်း မရမ်းကုန်းမြို့နယ် အိုးရှင်းစင်တာအနီးမှာ M-150 အချို ရည်ပုလင်းအတွင်း ယမ်းထည့်ကာ ပြုလုပ်ထားတဲ့ အသေးစားပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သေးတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: 7Day Daily
Photos: ခိုင်ပန်းနု

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ