play

 

Chatrium ဟိုတယ်မှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ နှစ်သစ်ကူးအကြိုည ပါတီပွဲကြီးကတော့ ဒီနှစ်မှာ Masquerade Party Theme နဲ့အတူ ပြန်လာတော့မှာပါ။

ဒီနှစ်သစ်ကူးအကြိုပွဲတော်ကို Chatrium ဟိုတယ်နဲ့အတူ John Lwin (Star Event Production) က စီစဉ်ထားတာဖြစ်ပြီး နိုင်ငံကျော်အဆိုတော်တွေ ဖြစ်တဲ့ ဝေလ၊ မေဆွိ၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ Mark Jason, Here & Now Dance Group, Immortal Band တို့ကလဲ အားဖြည့်ပါဝင်သွားမယ်လို့ သိရပါတယ်။

International ညစာဘူဖေးနဲ့အတူ လူတိုင်းစိတ်ဝင်စားမယ့် ဝိုင်၊ ဘီယာနဲ့ အချိုရည် free flow အစီအစဉ်လည်း ပါဝင်မှာဖြစ်ပြီး Door Gift နဲ့ Lucky Draw ကံစမ်းမဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

နှစ်သစ်ကူးအကြိုည ပါတီပွဲအတွက် လက်မှတ်တွေကို Platinum Class - USD 160 per person၊ Gold Class - USD 140 per person တို့အပြင် New Year's Eve Room Package - USD 400 per package (including one night accommodation and New Year's Eve Party tickets for 2 person) အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပါတီပွဲဆင်နွဲဖို့ စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ဖုန်းနံပါတ် ၀၁ ၅၄၄၅၀၀ ကို ဆက်သွယ်ဝယ်ယူနိုင်ပြီး online ကနေ ၀ယ်ယူချင်တဲ့သူတွေကတော့ https://www.myanmoretickets.com မှာ ဝင်ရောက် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video