AD
AD
AD

ချယ်လ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်မှာ ဆန်းချက်ဇ်ကို အရန်လူစာရင်းမှုာ ထည့်သွင်းခဲ့ရတဲ့ အကြောင်းရင်းကို အာစင်ဝင်းဂါးက ထုတ်ပြောလိုက်ပါတယ်။

ယနေ့နံနက်အစောပိုင်းက ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်(ပထမအကျော့) ပွဲစဉ်မှာ အာဆင်နယ်အသင်းက အဓိက ကစားသမားဆန်းချက်ဇ်ကို အရန်လူစာရင်း ပို့ထားခဲ့တာဖြစ်ပါတယ်။ ဆန်းချက်ဇ်ကို အရန်ခုံပို့ရခြင်းဟာ အပြောင်းရွှေ့ကိစ္စတွေကြောင့် ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက သုံးသပ်ထားကြပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်ကို အရန်ခုံပို့ထားတာ အပြောင်းအရွှေ့နဲ့ မပတ်သက်ဘူးလို့ နည်းပြအာစင်ဝင်းဂါးက ငြင်းဆန်ပါတယ်။

play

 

အခု ဇန်နဝါရီလမှာ ဆန်းချက်ဇ်ကို မန်စီးတီးအသင်းကခေါ်ယူဖို့ နီးစပ်နေတယ်ဆိုတဲ့သတင်းတွေလည်း အဆက်မပြတ်ထွက်နေတာ ဖြစ်ပါတယ်။

“ သူ့ကို အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ သူစာချုပ်သစ်ကို အခုပဲထိုးထိုး၊ ဇွန်လမှ ထိုးထိုး ပြဿနာမရှိပါဘူး” လို့ အာစင်ဝင်းဂါးက ဆက်ပြောပါတယ်။ အပြင်မှာ ထွက်နေတဲ့သတင်းတွေကို ဆန်းချက်ဇ်က ဂရုစိုက်တဲ့သူမျိုးမဟုတ်ပဲ ဒီပွဲမှာလည်း ဆက်ကစားချင်တဲ့ ဆန္ဒရှိနေခဲ့တာလို့ အာစင်ဝင်းဂါးက ပြောပါတယ်။

“ သူသွေးပူလေ့ကျင့်ခန်းတွေ လုပ်နေတာ ခင်ဗျားတို့ တွေ့တယ်မလား။ လူတော်တော်များများက ဆန်းချက်ဇ်အကြောင်း မသိကြသေးပါဘူး” လို့ အာစင်ဝင်းဂါးက ဆက်ပြောပါတယ်။ ဆန်းချက်ဇ်ဟာ ပွဲချိန် ၆၆ မိနစ်အရောက်မှာ လူစားဝင်ကစားခဲ့ပါတယ်။

play

 

ဆန်းချက်ဇ်လို ပွဲများစွာ ကစားထားတဲ့ ကစားသမားဟာ အနားယူဖို့လိုအပ်လို့ ဒီပွဲမှာ အနားပေးထားခဲ့တာ ဖြစ်တယ်လို့လည်း အာစင်ဝင်းဂါးက ပြောပါတယ်။ ဆန်းချက်ဇ်ဟာ အသင်းရဲ့ စာချုပ်သစ်ကို လက်မခံတော့ပဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားတာဖြစ်တယ်လို့ ဗြိတိန်သတင်းတွေက ရေးသားဖော်ပြကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD