AD
AD
AD
play

 

ကျင်းပပြီးစီးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ သင်ရိုးကနေ ပယ်ဖျက်ထား ဓာတုဗေဒဘာသာပယ်ဖျက်ထားတဲ့ သင်ခန်းစာတွေကို ထည့်သွင်းမေးထားတယ်လို့ ဓါတုဗေဒဘာသာရပ် သင်ကြားတဲ့ဆရာတွေက ပြောပါတယ်။

ဓာတုဗေဒဘာသာရပ် သင်ရိုးကို ၂၀၁၅ ခုနှစ်က အနည်းငယ်ပြောင်းလဲထားပြီး သင်ခန်းစာတချို့ကို ပယ်ဖျက်ခဲ့ပေမယ့် ဒီနှစ်တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ် မေးခွန်းနံပါတ် 1(f) 8 (a).(i) မှာ ပြန်လည်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

"အခုပါဝင်လာတဲ့ မေးခွန်းက ၂၀၁၄ ရခိုင်မေးခွန်းနဲ့က ၉၀ ရာခိုင်နှုန်းလောက်တူနေတယ်။ ၁ မှတ်တန်နှစ်ခု နဲ့ တခြား ၈မှတ်တန် နည်းနည်းလောက်ပဲချိန်းပြီး ကျန်တာတွေက အကုန်တူနေတယ်။ 1F မှာ Definition ကပယ်ပြီးသား၊ နောက်တစ်ခုက နှစ်မှတ်ဖိုးကိုလည်း ထပ်မေးထားတယ်။ ပယ်ပြီးသားပေါ့။ အများကြီးနစ်နာနာမှုရှိတယ်"လို့ ဓာတုဗေဒဘာသာရပ်သင် ကိုယ်ပိုင်ကျောင်းဆရာဦးသူရ (ဓာတုဗေဒ)က ဓူဝံကို ပြောပါတယ်။

play

 

ဒီလိုမှားယွင်းမှု ဖြစ်စဉ်ကြောင့် ဖြေဆိုတဲ့ကျောင်းသား၊ ကျောင်းသူတွေအတွက်နစ်နာမှုရှိပြီး မှားယွင်းပြီးပါဝင်ခဲ့ မေးခွန်းရဲ့အမှတ်တွေကို ထပ်မံပေါင်းထည့်ပေးသင့်တယ်လို့ ဆရာဦးသူရက ပြောပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မေးခွန်းဟောင်းတွေ ထည့်မေးလေ့ရှိပေမယ့် ဒီနှစ်ဓာတုဗေဒမေးခွန်းလို တစ်ထပ်တည်းတူတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၇ ရက်နေ့က စတင်ဖြေဆိုခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူပေါင်း ၇ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ ဓာတုဗေဒဘာသာရပ်ကို မတ်လ ၁၂ ရက်တွင် စစ်ဆေးခဲ့ပြီးတော့ စာရင်းရှိ ၇၄၀,၀၀၀ ကျော်ထဲက ပျက်ကွက်သူ ၄၇,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD